My King 💞 {part 13}

Start from the beginning
                                    

"လွယ်အောင်လုပ် အချိန်၇လအတွင်း ပြီးအောင်လုပ်ပေး"

"တူတော်ကယူတော့မှာမို့လို့လား"

"ယူမှာလေ လက်ထပ်ခွင့်တောင်းပြီးပြီ ကြေညာပြီးရင်ယူမှာ"

"မယ်တော်ကြီးက သဘောတူမယ်တဲ့လား
ပြောပါအုံး"

"တူတာပေါ့"

"ဘာ...!"

"မကြားဘူးလား တူတယ်လို့"

"ငါ့အမတော်ကတော့လေ ဘယ်လိုကြီးလဲ
ဘာစိတ်ပေါက်သွားတာလဲ"

"မသိဘူး"

"မဂ်လာဆောင်လို့တော့မရသေးဘူးနော်
ဝါတွင်းကြီး.."

"သိပါတယ် အဲ့တာကြောင့် အစီရင်သာပြင်ထား ဝါကျွတ်တာနဲ့ တန်းဆောင်မှာ"

"ငါ့တူကတော့ကွာ အလိုလိုက်ထားတာမှားပါပြီ "

"မမှားပါဘူး ၇လအတွင်းအပြီးလုပ်နော်
၇လအတွင်းအချစ်ကဲပြီး မယ်တော်ကြီးဖို့သားတော်ဖြစ်ဖြစ် သမီးတော်ဖြစ်ဖြစ် ‌
မွေးပေးချင်တယ်...."

"အေးပါကွာ.."

"သွားပြီနော် ဦးလေး"

"အေးပါကွာ ဟင့်ဟင့်....
ဒီအသက်အရွယ်မှစာပြန်ကျက်တဲ့ အမတော်သားလုပ်ပုံက ကောင်းသေးရဲ့လား အမတော်ရေ"

ဦးရီးတော်ကတော့စာလုပ်ရမှာမို့

အတော်လေး ညဉ်းနေတာပေါ့

မင်းကြီးကတော့စိတ်ချပြီး အဆောင်တော်

ပြန်လာခဲ့တယ် အသွားအပြန်နဲ့တင်

ကြာနေပြီလေ အဆောင်ပြန်ရောက်တော့

သုတဘေးဝင်ပြီး အိပ်နေလိုက်တယ်

ညနေ အတော်စောင်းလာတော့

သုတနိုးလာတယ် မင်းကြီးသူ့ကိုဖက်ထားတဲ့

လက်ကို ဘေးချပြီး ခြေသံတိတ်ပြီးကုတင်က

နေ ဆင်းလာတယ် အခန်းပေါက်ဝကိုသွားပြီး

"မမ အဝတ်အစားက မရသေးဘူးတဲ့လား"

"ရပြီသခင်လေး အဲမှားလို့ မိဖုရား
မိဖုရားအိပ်နေတုံးက လာပို့သွားပါတယ် အပြာရောင်နဲ့တစ်စုံ ပန်းနုရောင်နဲ့တစ်စုံပါ "

My King 💞Where stories live. Discover now