အပိုင်း(၆)

Start from the beginning
                                    

'ပြီးသွားပြီ......ရှင်စိတ်မဆိုးရဘူးနော်......စိတ်မဆိုး....' သူမပြီးအောင်မပြောရသေးခင်မှာဘဲပြန်ပြီးအိပ်ပျော်သွားတယ်။

'ဟမ် ဒါကဘယ်နေရာကြီးလဲ?အရမ်းကိုတောက်ပလွန်းတယ်......တစ်ချက်ကြည့်လိုက်တာနဲ့လူချမ်းသာတွေနေတဲ့နေရာဆိုတာပြောနိုင်တယ်...' ရွှီချင်းမန်ရေချိုးအဝတ်စားလဲပြီးပေမယ့်အမူးမပြေသေးဘူး။

'ငါတို့ဟိုတယ်ကိုရောက်နေတာ။ခုလေးတင်ဘဲမင်းကိုသန့်ရှင်းရေးလုပ်ပေးဖို့တစ်ယောက်ကိုခိုင်းလိုက်တယ်။ပြီးတော့မင်းဘယ်မှာနေလဲဆိုတာကိုငါမသိဘူး။မင်းဒီညတော့ဒီမှာဘဲအိပ်လိုက်တော့' ကန့်ယွင်ထင်သူမကိုအကြောင်းစုံပြောပြလိုက်တယ်။

'ဟမ် မနေချင်ဘူး။ကျွန်မမနေချင်ဘူး.....ကျွန်မ.....ကျွန်မ.....ရှီးရှီးနဲ့တွေ့ချင်တယ်' ရွှီချင်းမန်တံခါးဆီကိုသွားမလို့လုပ်လိုက်တယ်။

ကန့်ထင်ယွင်ခေါင်း‌ကပေါက်ကွဲထွက်တော့မလိုခံစားနေရတယ်။ဒီလိုပြဿနာရှာတဲ့မိန်းမနဲ့တွေ့ဆုံရတာ သူဘယ်လောက်တောင်ကံကောင်းလိုက်သလဲ?

သူခက်ခက်ခဲခဲနဲ့လိမ်ညာပြောဆိုပြီးချော့မော့လိုက်တော့မှနောက်ဆုံးရွှီချင်းမန်လက်လျှော့သွားတယ်။ဒါပေမယ့်သူ့ကိုချက်ထိုင်ကစားခိုင်းနေတယ်။

နွေးထွေးတဲ့ရေချိုးခန်းတစ်ခုထဲမှာတော့ကောင်မလေးကိုရေတွေလောင်းပေးနေတယ်။

'အမ် ကျွန်မရေကူးချင်တယ်။ရေကူးမယ်.....ရေကူးမယ်....ကျွန်မရေကူးမယ်။ရေကူးမယ်'

ကျိနမ်ဖုန်ပေါက်ထွက်လုနီးပါးဖြစ်နေတဲ့စိတ်ကိုထိန်းချုပ်လိုက်ပြီး သူမကိုရေချိုးပေးတဲ့ဆီမှာဘဲအာရုံစိုက်ထားလိုက်တယ်။သူမရဲ့ခန္ဓာကိုယ်ကိုသူမမြင်ဖူးတာလဲမဟုတ်ဘူး။သူတို့မင်္ဂလာဦးညတုန်းကသူမကိုသူမုန်းပေမယ့်လဲ သူမရဲ့အပျိုစင်ဘဝကိုနူးညံ့ညင်သာမှုမရှိဘဲရယူခဲ့တယ်။

အခုပြန်စဉ်းစားကြည့်လိုက်တော့မှ သူမကိုသူဘဲအဝေးတွန်းပို့ခဲ့တာ။

ချီတုံချတုံဖြစ်ပြီးတဲ့နောက်မှာ သူမကိုရေချိုးလို့ပြီးသွားတယ်။ဘာဘဲဖြစ်ဖြစ်သူမကသူ့မိန်းမဘဲလေ။ရေချိုးပေးပြီးသွားတော့သူမတကိုယ်လုံးကိုခြောက်အောင်သုတ်ပေးလိုက်ပြီး ရေလဲဝတ်စုံဝတ်ပေးလိုက်ကာ အိပ်ယာပေါ်ကိုပြန်ချီလာခဲ့တယ်။

ချိုသာတဲ့ခင်ပွန်းကသူ့ဇနီးကိုအရမ်းအလိုလိုက်နေတယ်Where stories live. Discover now