အပိုင်း (၁၉) 🚨🚨

Start from the beginning
                                    

သူမကိုယ်တိုင်လဲ သူ့တစ်ကိုယ်လုံးမျိုချချင်စိတ်ပေါက်နေမှန်း ဝန်မခံချင်သော မိန်းမတစ်ယောက်သာပင်။

"ကိုယ်တို့ ညက လုပ်ခဲ့လို့ မနက်ကျ ထပ်မလုပ်ရဘူးဆိုတဲ့ ဥပဒေမရှိဘူးလေ"

သူ မယ်ဒီရာကို ရာဂစိတ်ဖုံးနေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်လာတဲ့အခါမှာတော့ သူမ အံအားသင့်လွန်း၍ ပါးစပ်ပင် ပွင့်ဟသွားရသည်။

"အာ.. ဘာ.. မဟုတ်ဘူးလေ!! ဇာတ်လမ်းတွေ မှားနေပြီ။ အရှင်မင်းကြီး ကျွန်မကို မုန်းတယ်မလား"

"ကိုယ် မင်းကို မုန်းခဲ့တယ်"

သူက နာကျင်စေတဲ့ စကားကို အသက်မဲ့တဲ့ မျက်နှာနဲ့ ပြောလိုက်ပေမဲ့ မယ်ဒီရာ့အပြာရောင် မျက်ဝန်းတွေက တုန်လှုပ်ခြင်းမရှိပေ။

မယ်ဒီရာ တကယ်ပင် အတိတ်မေ့သွားခြင်းပင်။

"တွေ့လာူ။ ကျွန်မ ပြောတာ မှန်တယ်"

"ဒါဆို... ဘာလို့ ထပ်လုပ်နေတာလဲ... ကျွန်မကို အရှင်မင်းကြီး မုန်းတယ်ဆိုရင်"

မေးခွန်းထုတ်နေတဲ့ မယ်ဒီရာ့မျက်နှာအမူအရာကို လိုင်လ် သဘောမကျပေ။

သူက မျက်မှောင်ကြုတ်ရင်း ဖြေသည်။

"ကိုယ်တော် ဘုရင်မနဲ့ လက်ထပ်ထားတာ နှစ်အနည်းငယ်ကြာပေမဲ့ ကလေးမရှိသေးဘူးမလား။ ဘုရင်မက ကလေးရဖို့ ကြိုးစားနေပေမဲ့ ကိုယ်တော် နေသာသလို နေနေတယ်လေ... ပြီးတော့ ကိုယ်တို့ ဆက်ဆံရေးကို နည်းနည်းပြောင်းဖို့လဲ စဉ်းစားနေတယ်"

"အိုး.. နိုး!! ရှင် ပြောင်းဖို့ မလိုပါဘူး။ အရှင်မင်းကြီး ခုချိန်ထိ လုပ်တာ ကောင်းတယ်... နေဦး!! ခု ရှင်ဘာလုပ်နေတာလဲ"

ထိတ်လန့်သွားတဲ့ မယ်ဒီရာက အရိုအသေစကားလုံးတွေ သုံးဖို့ပင် မေ့ပြီး ရုန်းကန်တော့သည်။

လိုင်လ်က သူမအားထုတ်မှုကို အသာလေးဖယ်ချရင်း သူ့လက်တဖက်တည်းနဲ့ မယ်ဒီရာလက်တွေကို သူမခေါင်းပေါ်မှာ ချုပ်ကိုင်ထားလိုက်သည်။

လှုပ်တောင် မလှုပ်ပါလား။ ဘယ်လိုတောင် အားရှိတာလဲ။ လက်တွေကရော ဘာလို့ ဒီလောက်ကြီးတာလဲ။

Your Majesty is annoying (Myanmar Translation)Where stories live. Discover now