My King 💞 {part 1}

Start from the beginning
                                    

နိုင်ငံခြားမှာအလုပ်လုပ်ပီးပြန်လာရှားလို့

မမြင်ဘူးကြဘူးလေ

"ကဲ ကိုယ်တော်ချောလေး ကြွပါကြွပါ"

"ဟာ အမေကလဲ ကျနော်ကဘုန်းကြီးမှမဟုတာကို"

"အေး နင့်ကိုခြေငြိမ်အောင် ငါဘုန်းကြီးဝတ်ပေးချင်နေတာနော် ဟွန်း...."

"အမေကလဲ ကျနော်ဘာလုပ်လို့လဲ"

"နင်လုပ်တာ နင်မသိဘူးလား
သားလေးတယောက်ထဲမို့ အလိုလိုက်ထား
တာကို နင်ကတဖြည်းဖြည်းဆိုးလာတယ်"

"အမေကလဲ သားမဆိုးပါဘူးအမေရဲ့
မယုံရင် အမေ့ချွေးမလေးတွေမေးကြည့်"

"သု တ အောင်"

သုတ‌တယောက်လန့်သွား

"နင့်ငါအကောင်းပြောနေတာဟဲ့ ညကလဲ
ညဉ့်နက်မှပြန်လာတယ် သမီးလေးယုကိုလဲနင်ဘာ‌တွေပြောလိုက်လို့ ဟိုကစိတ်ကောက်သွားတယ်မသိဘူး"

'ယု'ဆိုတာ သုတနဲ့ငယ်သူငယ်ချင်းမလေး

နာမည်အရင်းက ယုသန္တာ

အဖျားစွတ်ပီး ယုပဲခေါ်ကြတာ

"အမေကလဲ သူက ကျနော့်ကြိုက်နေတာလေ

ကျနော်မှမကြိုက်တာကို"

"နင်ကဘာဖြစ်လို့ သူ့ကိုမကြိုက်ရပြန်တာလဲ
နင်ဆိုးသမျှဟိုကခံနေရတာကို နင်ပြောတဲ့ငါ့ချွေးမတွေထဲလဲ သူအချောဆုံး အလှဆုံးဟာကို"

"မသိဘူးဗျာ သားသူ့ကိုမကြိုက်ဘူး"

"ကောင်မလေးတွေကျရှုပ်တယ်"

"အမေကလဲ သားရည်းစားတယောက်တောင်
မထားရသေးဘူးနော်"

"ငါ့စကား ဖြတ်မပြောနဲ့ နင်ညတိုင်းသွားကဲပြီး ရှုပ်နေတာ ငါမသိဘူးမှတ်နေတာလား"

"ယု ပြောတာမို့လား တွေ့မယ် ဟွန်း"

"သူပြောမှငါသိစရာလား...သူမပြောလဲငါသိတယ် မဆိုင်တဲ့လူရန်ရှာမနေနဲ့ ဒီလောက်လှတဲ့မိန်းကလေးမှမကြိုက်ရင် နင်ယောကျာ်းလေးပဲသွားကြိုက်တော့"

"တကယ်လား အမေ ကျနော်ကောင်လေးခေါ်လာမှ အပစ်မပြောကြေးနော်"

My King 💞Where stories live. Discover now