အပိုင်း (၁၄) 🚨

Start from the beginning
                                    

မယ်ဒီရာရဲ့ အထိတ်တလန့် "အို"ဟု ညည်းသံကြားပြီး မကြာခင်မှာပင် သူမရဲ့အောက်ခံစကပ်ကို ဆွဲချွတ်လိုက်သည်။

လိုင်လ်ရဲ့ ခပ်ကြမ်းကြမ်းလက်တွေက သူမရဲ့ ပေါင်တံတွေကို ခပ်ဖွဖွ ဆုပ်နယ်နေသည်။

မယ်ဒီရာက သူမနှလုံးသားတခုလုံး ပေါက်ထွက်တော့မလို ခံစားနေရလေသည်။

ငါ ကြိုက်ရဲ့လား။ ဒါမှမဟုတ် ရွံစရာလား။

သိတာက တကိုယ်လုံး တုန်နေတယ်ဆိုတာပဲ။

"တကယ်ပဲ လုပ်လို့ ဖြစ်ရဲ့လား"

ဘုရင်က အဓိကဇာတ်ဆောင်ဖြစ်ပြီး စီရီရာ ပိုင်တဲ့သူတစ်ယောက်။ သို့သော် မယ်ဒီရာ ရှိနေသရွေ့ ဇာတ်ကြောင်းအတိုင်း ဖြစ်မှာမဟုတ်။

လိုင်လ်နဲ့ အတူနေဖြစ်မယ်လို့ သူမ မတွေးခဲ့မိပေ။

"ငါတောင်းပန်ပါတယ် စီရီရာ။ ငါ့အသက်မပျောက်အောင် အရင်ကြိုးစားရမှာမို့ပါ"

အနည်းဆုံးတော့ စီရီရာမှာ ဓါးရေးစွမ်းရည်ရှိသေးသည်။ မယ်ဒီရာမှာတော့ သူမရုပ်ရည်ကလွဲ ဘာမှ မရှိပေ။

နယ်စားမင်းက သူမကို ချစ် မချစ် မသိပေမဲ့ မယ်ဒီရာရဲ့ မောင်လေး .....အိုး၊ သူကတော့ သူမနောက်တကောက်ကောက်လိုက်ခဲ့သူပင်။

သူက ဒုတိယဇာတ်ဆောင်ဖြစ်ပြီး ဘုရင်က မယ်ဒီရာကို သတ်ခဲ့သူလို့ စွပ်စွဲပြီး စီရီရာကို ဖမ်းဖို့ ကြိုးစားခဲ့သူ။

မယ်ဒီရာ အတွေးလွန်နေတုန်းမှာပဲ လိုင်လ်ရဲ့ လက်ချောင်းတွေက သူမပေါင်တံကြားက နေရာကို ရောက်နေလေပြီ။

တင်းတင်းစေ့ပိတ်ထားတဲ့ သူမရဲ့ ဒူးတွေကို ကြည့်ရင်း လိုင်လ် ငြိမ်သက်နေမိသည်။

"....မယ်ဒီရာ"

"အင်း?"

မယ်ဒီရာက အတွေးလွန်နေတဲ့ မျက်နှာဖြင့် ပြန်ထူးသည်။

လိုင်လ်က မယ်ဒီရာကို ခပ်မဲ့မဲ့ ငုံကြည့်ရင်း

"မင်း ခြေထောက်တွေကို ကားလိုက်"

"အမ်..."

မယ်ဒီရာက ခဏတုံဆိုင်းနေပြီး သူမခြေထောက်တွေကို အနည်းငယ် ကားပေးလိုက်သည်။

Your Majesty is annoying (Myanmar Translation)Where stories live. Discover now