အပိုင်း(၁၃)

Start from the beginning
                                    

သူမက ဝတ္ထုတွေထဲက သန်မာတဲ့ ဇာတ်ဆောင်တွေကို အားကျတာ မှန်ပေမဲ့ သူတို့မှာက စာရေးဆရာတွေပေးတဲ့ အဆုံးအစမရှိစွမ်းရည်တွေနဲ့ ကံကောင်းတာတွေ ပိုင်ဆိုင်ထားတဲ့သူ။

သူမရဲ့ တကယ့်ကမ္ဘာကတော့ ကွဲပြားသည်။ အေးစက်ပြီး ခွင့်မလွှတ်ခြင်း၊ ရက်စက်ခြင်းတွေနဲ့ ပြည့်နေတာမို့ သူမကိုယ်တိုင်ပင် ကြက်သီးထလောက်သည်။

သူမက ကံကောင်းခြင်းတွေကို ယုံတဲ့ ကလေးလေးတစ်ယောက် မဟုတ်တော့။

"ငါက ဇာတ်ဆောင်မဟုတ်ဘူး" သူမရဲ့ အတွေး။

သူမဘဝက သူမအဖေ နယ်စားမင်း၊ ဒါမှမဟုတ် ဘုရင်ရဲ့ ကာကွယ်မှု မရှိရင် ကျွန်းပေါ်မှာ ပစ်ခံထားရတဲ့ ကလေးတစါယောက်သာသာပင်။

သူမ နန်းတွင်းအပြင်ထွက်တာနဲ့ သူမရုပ်ရည်ကြောင့် လူအများ အာရုံစိုက်တာ ခံရပြီး သိပ်မကြာလှပဲ ပြန်ပေးဆွဲပြီး ရောင်းစားခံရမည်မှာ တွေးကြည့်စရာပင်မလို။

သူမရဲ့ ဘဝအခြေအနေကို စဉ်းစားရင်း မယ်ဒီရာ့မျက်နှာ မဲ့တဲ့တဲ့ဖြစ်လာသည်။

ငါက ဘုရင့်အချစ်ကို မလိုချင်ပေမဲ့ ဒီမှာ နေတာ ငါ့အတွက် အကျိုးမယုတ်ဘူး။

နန်းတွင်းက သက်တောင့်သက်သာနေရတဲ့အခြေအနေ၊ လိုင်လ်ရဲ့ ချောမောခန့်ညားမှု၊ နောက်ပြီး ဝတ္ထုထဲမှာ ရေးထားတဲ့ လိုင်လ့်ကို ပုံဖော်တဲ့ "ကိုယ် သိပ်မကြမ်းပါဘူး" ဆိုတဲ့ စကားလုံးတွေ။

ငါ ဒီတည သည်းခံလိုက်ရင် ငါ တဘဝလုံး အေးဆေးနေလို့ ရပြီ။

"ဒါက တကယ်ပဲ အဆင်ပြေရဲ့လား" သူမရဲ့ ကိုယ်ကျင့်တရားက ခွင့်မပြု။

တဖက်မှာလဲ သူမ သိချင်နေမိသည်။

ဒီမှာက ဝတ္ထုထဲ ချီးကျူးခံထားရတဲ့ ဇာတ်ဆောင်၊ ဒီလိုတွေးတော့ အဆိုးဆုံးညတညတော့ မဖြစ်နိုင်ဘူးမလား။

သူမက အရှက်မရှိခြင်းတော့ မဟုတ်။ ပြောရရင် ဒီအခြေအနေက အစောထဲက ဆုံးဖြတ်ပြီးသားမလား။

ကံကောင်းတာတခုက လိုင်လ်က သူမကို အတင်းလုယူမဲ့အစား ဖြောင်းဖျနေခြင်းပင်။

Your Majesty is annoying (Myanmar Translation)Where stories live. Discover now