21

806 75 7
                                    

Unicode

ကျွန်းတစ်ခုလုံး ရုတ်တရက် တုန်ခါလာပြန်သည်။

ပြီးနောက် ကျယ်လောင်စူးရှသော အော်သံများနှင့်အတူ ကောင်းကင်ယံထက်၌ အမည်းစက်တချို့ ပေါ်ထွက်လာခဲ့လေ၏။ အကာအကွယ်စည်းက ကျွန်းတစ်ခုလုံးကို ပိတ်လှောင်ထားပါသော်လည်း ထိုအရာများက လွယ်လင့်တကူ ဝင်ရောက်လာခဲ့သည်။ အကာအကွယ်စည်းကို တစ်စုံတစ်ယောက် ချုပ်ကိုင်ထားမှန်း သိသာနေသည်။

မိုင်လေးတို့၏အမြင်တွင် အမည်းစက်များအဖြစ်သာ မြင်နေရပါသော်လည်း Nolan ကတော့ တစ်စုံတစ်ရာကို ခံစားမိဟန်တူသည်။ မျက်နှာပျက်ယွင်းသွားခဲ့ပြီး ထိုအရာများကို ငေးစိုက်ကြည့်နေခဲ့လေ၏။ ပြီးနောက် တစ်ခုချင်းစီ ခပ်တိုးတိုး ရေရွတ်လာသည်။

“ချီလင်… လိပ်နက်… ရွှေကျားသစ်… အမြီးကိုးချောင်းမြေခွေးဖြူ… ပြီးနောက် နှင်းဧကရာဇ်သိမ်းငှက်..”

ဒဏ္ဍာရီလာသားရဲတွေနဲ့ အဆင့်မြင့်သွေးသန့်သားရဲတွေပဲ..!

မိုင်လေးက စက္ကန့်နှင့်အမျှ ထင်ရှားလာသော အမည်းစက်များကို မော့ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ တစ်ဖက်လူက သူထင်ထားတာထက် စွမ်းအားကြီးနေသည်မှာ အထင်အရှားပင်။

Nolan ပြောခဲ့သည့်အတိုင်း တဖြည်းဖြည်း နီးကပ်လာသည်နှင့် ထိုအရာများ၏ ပုံပန်းသဏ္ဍာန်က ထင်ရှားလာခဲ့လေ၏။ ပထမဆုံးမြင်လိုက်ရသည်မှာ ချောမောခန့်ညားသော လူရွယ်နှစ်ယောက်၊ တစ်ယောက်က အဖြူရောင်ဝတ်စုံ ဝတ်ထားပြီး ကျန်တစ်ယောက်ကတော့ အနက်ရောင်ဝတ်စုံ ဝင်ထားသည်။

အနက်ရောင်လူရွယ်ကို မိုင်လေး ရင်းရင်းနှီးနှီး သိနေသည်။ ထိုသူကား ဖုန်းစစ်ယွင်နှင့် တောနက်ထဲမှာ စကားပြောခဲ့ဖူးသော လိပ်နက်ရွှယ်ဝူပင်။

ထို့ကြောင့် အဖြူရောင်လူငယ်က ချီလင်သားရဲဖြစ်နိုင်သည်။ သူတို့နှစ်ဦးလုံးက မျက်နှာသေဖြင့် ခံစားချက်မရှိသလို ထင်မှတ်ရပါသော်လည်း မျက်ဝန်းများထဲတွင် တစ်စုံတစ်ရာကို လွန်ဆန်၍မရပါသော၊ စိတ်ရှုပ်ထွေးသော၊ မချင့်မရဲ ခံစားချက်တချို့ စွန်းထင်းနေပါ၏။

Forever More (Extra)Onde histórias criam vida. Descubra agora