14

788 83 3
                                    

Unicode

ပထမပွဲစဉ်ပြီးနောက် ၅၀၀ နီးပါးရှိသော ပြိုင်ပွဲဝင်များတွင် လူအယောက် ၅၀ နီးပါးသာ ကျန်ရစ်ခဲ့တော့သည်။ အတိအကျဆိုရလျှင် ၄၇ ယောက်သာ။ သို့သော် ကျန်ရစ်ခဲ့သော ပြိုင်ပွဲဝင်အများစုသည် နာမည်ကျော်ကြားပြီးသား မျိုးဆက်သစ်ကျင့်ကြံသူများ ဖြစ်နေကြ၏။ ထို့ကြောင့်ပင် လူအများ၏ ပြိုင်ပွဲအပေါ် စိတ်ပါဝင်စားမှုက ပိုမိုမြင့်တက်လာခဲ့သည်။

အထူးသဖြင့် နန်ကုန်းဟိုင်ပင်။

ရှစ်ခွင်တိမ်လွှာဂိုဏ်းချုပ်၏ သားဖြစ်သူ၊ ဂိုဏ်းကိုဆက်ခံမည့် သခင်လေးဖြစ်ပြီး ချောမောခန့်ညားကာ ရည်မွန်ဖော်ရွေသော အကျင့်စရိုက်ကြောင့် လူသိများ၏။ ငယ်စဉ်ကတည်းက ကျင့်ကြံမှုတွင် ထူးချွန်၍ ပါရမီပါသည်။ တောင်သခင်ထျန်းဟူပြီးလျှင် အလားအလာအကောင်းဆုံး သခင်လေး ၂ အဖြစ် သတ်မှတ်ခံရသူဖြစ်သည်။

ထို့ကြောင့်ပင် နန်ကုန်းဟိုင်၏ဘဝက ဘယ်နေရာသွားသွား အလိုလိုက်၊ မြှောက်ပင့်မည့်သူများအပြည့်။ ထိုသို့သောဘဝဖြင့် နေသားကျနေသော နန်ကုန်းဟိုင်တစ်ယောက် သူ့ကိုမသိသော မိုင်လေးနှင့် တွေ့လိုက်ရသည့်အချိန် အရသာအသစ်တစ်ခု မြည်းစမ်းလိုက်ရသလို စွဲလမ်းနေခြင်းပင်။

သို့သော် နန်ကုန်းဟိုင်က အပျော်ကြူးသူတော့ မဟုတ်ပေ။ ဖြောင့်မတ်တည်ကြည်သလို ရင်းနှီးဖော်ရွေတတ်ပါသော်လည်း သီးခြားဆန်ဆန်နေတတ်သော လူတစ်ယောက်သာ။ မိုင်လေးအပေါ် ဘယ်လိုသဘောထားတယ်ဆိုတာ သူကိုယ်တိုင်ကလွဲရင် ဘယ်သူသိနိုင်ပါ့မလဲ..?

မိုင်လေးကိုယ်တိုင်ကတော့ ဘာဆိုဘာမှမသိပေ။ သူမ,သိသည်က Ryan ၏ဝိဉာဉ်ကို ဖုန်းစစ်ယွင်၏ ခန္ဓာကိုယ်ထဲမှ နှိုးဆွရန်သာ။ သို့မှသာ မူလကမ္ဘာကို ပြန်လို့ရမယ်မဟုတ်ပါလား။

မိုင်လေးက ဖီးနစ်ငှက်ကလေးကို တစ်ချက်လှည့်ကြည့်ကာ ပြုံးလိုက်သည်။ ထိုအပြုံးထဲတွင် အဓိပ္ပါယ်တချို့ ပါဝင်နေပါ၏။

ထိုအချိန် အကြီးအကဲများနှင့် တောင်သခင်များ၏ ပွဲကြည့်စင်၊ အနီရောင်အဆောင်ငယ်အတွင်းဝယ်..

Forever More (Extra)Onde histórias criam vida. Descubra agora