18

804 76 3
                                    

Unicode

“ကောင်းပြီလေ.. အဲ့တာဆိုလည်း ပြန်ကြတာပေါ့.. နောက်မှ အချိန်မရွေး ပြန်လာလို့ရတာပဲ..”

နောက်ဆုံးတော့ Nolan က အင်တင်တင်ဖြင့် သဘောတူလာသည်။

မိုင်လေးက လက်မြန်သည်။ Nolan ရဲ့ခေါင်းကို တစ်ချက်ခေါက်လိုက်ပြီး ဖုန်းစစ်ယွင်နောက် လှစ်ခနဲ ဝင်ပြေးကာ..

“နင့်ကို ငါ့ System ထဲ နောက်တစ်ကြိမ် ပေးဝင်မယ်ထင်နေတာလား..? ဝေးသေး..!”

ဖုန်းစစ်ယွင်ကလည်း မသိမသာ ကာပေးသည်။

Ben က ဒေါသကြောင့် လက်သီးလက်မောင်းတန်းနေသော Nolan ၏လက်ကို ဖမ်းဆွဲထားလိုက်ပြီး..

“ငယ်လေး မဆိုးနဲ့တော့..” ပြီးနောက် မိုင်လေးတို့ဘက်လှည့်၍ “အဲ့တာဆို ကျွင်းရှောင်ဟုန်ကို လိုက်ရှာရမှာပေါ့.. ဇာတ်ကြောင်းတွေက ပြောင်းလဲကုန်တော့ ဘယ်မှာလိုက်ရှာရမလဲဆိုတာ ခန့်မှန်းမရတော့ဘူး..!”

မိုင်လေးက ဖုန်းစစ်ယွင်၏အနောက်မှ ခေါင်းလေးထွက်လျက်..

“လွယ်ပါတယ်.. ကျွင်းရှောင်ဟုန်က ဒဏ်ရာရသွားတာဆိုတော့ သွမ့်ချင်းနန်ဆိုတဲ့ နဂါးကောင်က လုံခြုံစိတ်ချရတဲ့နေရာကို ခေါ်သွားလိမ့်မယ်.. လူတစ်ယောက်အတွက် အလုံခြုံဆုံးနေရာက နေအိမ်ပဲလေ.. ဟုတ်တယ်ဟုတ်..?”

မိုင်လေးစကားဆုံးသည်နှင့် ဖုန်းစစ်ယွင်ရော Nolan ပါ တပြိုင်နက်တည်း ပြောလာသည်။

“အနောက်တောင်ပင်လယ်..”

“အနောက်တောင်ပင်လယ်..”

မိုင်လေးက လက်ဖျောက်တီးလိုက်ပြီး..

“ဟုတ်တယ်.. အနောက်တောင်ပင်လယ်က နဂါးနန်းတော်မှာ ကျိန်းသေပေါက် ရှိလိမ့်မယ်.. သွားကြစို့..!”

သို့နှင့် လေးယောက်သား အနောက်တောင်ပင်လယ်သို့ ဦးတည်လိုက်ကြသည်။ သာမာန်လူများ မဟုတ်သောကြောင့် သိပ်မကြာလိုက်။ နေ့တစ်ဝက်အတွင်း အဆုံးမရှိ ကျယ်ပြောသော ရေပြင်ကျယ်ကြီးရှိရာသို့ ရောက်သွားတော့၏။ မိုင်လေးက ကမ်းခြေမှာ ရပ်တန့်လိုက်ရင်း ပင်လယ်ပြင်ကြီးကို ငေးမောကြည့်နေခဲ့သည်။

Forever More (Extra)Where stories live. Discover now