4

865 72 7
                                    

Unicode

မိုင်လေး၏အလှည့်သို့ ရောက်လာခဲ့ချေပြီ။

အကြီးအကဲက မိုင်လေးကို မော့ပင်မကြည့်ပဲ..

“နာမည်..?”

“ကျန်းဟွားရီ..”

“မင်းရဲ့သားရဲရော..?”

မိုင်လေးက ပြန်မဖြေပဲ လည်ဆွဲအဆောင်ထဲမှ အဝါလုံးလေးကို စိတ်ဝိဉာဉ်နယ်မြေမှ ထုတ်ယူလိုက်သကဲ့သို့ ခပ်တည်တည်ပင် ထုတ်ပြလိုက်သည်။ အဝါလုံးလေးမှာ အကြီးအကဲ၏ စားပွဲပေါ်၌ အခန့်သား ပေါ်လာခဲ့လေ၏။

ပတ်ဝန်းကျင်ကို ဟိုကြည့်သည်ကြည့် လုပ်ပြီးနောက် မိုင်လေးကိုမြင်သည်နှင့် အဝါလုံးလေးမှာ ဒယိမ်းဒယိုင် မတ်တပ်ထရပ်ကာ ပြေးဖက်တော့သည်။ ထုံးစံအတိုင်း အရည်လဲ့နေသော မျက်ဝန်းကြီးများဖြင့် မိုင်လေးကို မော့ကြည့်ရင်း ‘ပိကျိ.. ပိကျိ..’ အော်မြည်နေသည်မှာ သူ့ကိုပစ်ထားသည့်အတွက် အပြစ်တင်လိုသည့်နှယ်။

အကြီးအကဲက မျက်မှောင်ကြုတ်သွားသလို ပတ်ဝန်းကျင်မှ ခပ်လှောင်လှောင် ရယ်သံများ ထွက်ပေါ်လာခဲ့သည်။

“ခွီး.. ကြက်ပေါက်တဲ့ကွာ..”

“ကြက်ဖတစ်ကောင်လောက်တော့ ဖမ်းလာသင့်တာပေါ့.. အနည်းဆုံး ကင်စားလို့ရတယ်လေ.. ဟားဟား”

“သားရဲရော ဟုတ်ရဲ့လားမသိဘူး.. ဘယ်ကြက်ခြံထဲက သွားခိုးလာတာပါလိမ့်..?”

“မရှက်တတ်ဘူးလားမသိဘူး.. ဒီပုံစံနဲ့များ ကျင့်ကြံသူဖြစ်ချင်သေးတယ်.. ငါသာဆိုရင် ရှက်လွန်းလို့ ပြန်လာရဲမှာမဟုတ်ဘူး..”

“အေးလေကွာ.. ကြက်ကိုလည်းကြည့်ဦး.. တိုက်ပွဲဝင်နိုင်ဖို့ နေနေသာသာ တက်နင်းမခံရရင် ကံကောင်း..”

“အဲ့တော့လည်း ကြက်သားပြားဖြစ်သွားတာပေါ့.. ဟားဟား..”

မိုင်လေးက ထိုလူများကို တစ်ချက်သာ လှည့်ကြည့်လိုက်၏။ သိမ်မွေ့လှပသော်ငြား စူးရှသည့်မျက်ဝန်းများက အေးစက်စက် လူသတ်ငွေ့အပြည့်။

လှောင်ပြောင်နေသူအားလုံး ဖော်မပြနိုင်သော ဖိအားတစ်စုံတစ်ရာကြောင့် အလိုလို ပါးစပ်ပိတ်ကာ မျက်နှာလွှဲသွားကြသည်။

Forever More (Extra)Where stories live. Discover now