ch8 ကိုကိုစိတ်မတိုချင်ဘူး

1.3K 44 2
                                    

"ထမင်းစားဆင်းရင် ထုံးစံအတိုင်း ကိုကို့အခန်းလာခဲ့
ဆရာမစာသင်နေရင် တတ်နိုင်သလောက်အာရုံစိုက် နားမလည်တာရှိရင်သေချာမှတ်ထားအိမ်ရောက်ရင်ကိုကိုပြန်ရှင်းပြပေးမယ် နည်းနည်းလေးမှပေါ့ဆနေလို့မရဘူးနော်မီးမီး ဆယ်တန်းက ရှစ်တန်းထက်အများကြီးပိုခက်မှာ ပြီးမှမဖြေနိုင်လို့ထငိုလည်းကိုကိုဘာမှမတတ်နိုင်ဘူး"

ယနေ့သည်မီးမီးရဲ့ဆယ်တန်းပထမဆုံးရက်ပင်
ထုံးစံအတိုင်းမှာတမ်းခြွေနေတဲ့ ကိုကို့အပြောတွေကိုမီးမီးနားထောင်နေပေမယ့် အာရုံက ကိုကို့ဆီမှာရှိမနေ အခန်းထဲအမြန်သာဝင်ချင်နေပြီး
ကိုကို့ကိုအမြန်ဆုံးထွက်သွားစေချင်နေမိသည် ​
နောက်ဆုံးကိုကိုထွက်သွားတော့မှ သက်ပြင်းရှည်ချကာအမြန် မြသင်းရည်ခုံနံဘေးသို့ဝင်ထိုင်လိုက်သည်
မြသင်းရည်က ကိုကို့ကိုကြိတ်ကြိုက်နေတဲ့သူ
ကြိတ်ကြိုက်နေတာဆိုပေမယ့် သူငယ်ချင်းတွေကိုတော့ ကြိုက်နေကြောင်းသူကိုယ်တိုင်ပြောပြထားခဲ့သည်မှာခုနှစ်တန်းနှစ်ကတည်းက။
မီးမီးတို့သည်ရှစ်တန်းနှစ်ဝက်ကျော်လောက်မှစ၍ ကျောင်းတွင်ကစားတာမျိုးထက် အောင်သွယ်ပေးတာ အတွဲချိန်းပေးတာနဲ့ အားလျှင်ကိုယ်ကြိုက်နေတဲ့သူအကြောင်းပြောပြတာမျိုးမှာသာအချိန်ကုန်ခဲ့သည် မနှစ်ကအထိတော့ ထိုစကားဝိုင်းတွေအတွက်မီးမီးကနားထောင်သူသက်သက်သာ ယခုနှစ်တော့မီးမှာ စိတ်ဝင်စားနေမိသူရှိနေပြီဖြစ်သဖြင့် ထိုအကြောင်းအားရင်ဖွင့်ပြောပြချင်နေမိသည်

"သူကလေ.."

"ငါပြောပြစရာရှိတယ်ငါအရင်ပြောမယ်"

အရှေ့တန်းမှ ပိုးသား နှင့် ဆောင်းမှ နောက်လှည့်ကာ မြသင်းရည်နဲ့စကားပြောနေသည်ကို မီးမီးစကားဖြတ်ပြောလိုက်သည် အကြည့်အားလုံးမီးမီးဆီကျလာတော့ မီးမီးပြောချင်ရာကိုသာဦးတည်လိုက်သည်

"အသည်းအသန်"

မြသင်းရည် ကမျက်စောင်းထိုးကာပြောသည်ကို
မီးမီးစပ်ဖြဲ ဖြဲလုပ်ကာ မြသင်းရည့် မေးစေ့ကလေး ကို
အူယားစွာဖြင့်ကိုင်ကာ မီးမီးကိုကြည့်စေလိုက်သည်

"ငါလေလူတစ်ယောက်ကိုချစ်မိနေပြီထင်တယ်"

မီးမီးပြောပြီးပြီးချင်း ဆောင်းထံမှ အံ့သြသွားဟန်ဖြင့်"ဟင်"ဟုထွက်လာသည် ပိုးသားကတော့"ဘယ်လို"ဟုပြောလာပြီး မြသင်းရည်ကတော့"ဟဲ့ဟုတ်မှလည်းပြောဦး"ဟုပြောသည် မြသင်းရည်လိုကြိတ်ကြိုက်နေရတဲ့သူလည်းမရှိ ဆောင်းလိုရည်းစားလဲမရှိဖူးပဲ ပိုးသားလိုရည်းစားလဲရှိမနေသည့်မီးမီးက လူတစ်ယောက်ကို ချစ်မိနေပြီဟုဟုပြောလိုက်ခြင်းမှာ ယုံနိုင်စရာမရှိတဲ့ပုံပင်

as long as you love meWhere stories live. Discover now