Ch19 အချစ်နဲ့စစ်မှာမတရားတာမရှိဘူး

499 21 3
                                    

မုန်းသွားအောင်များ တမင်စွမ်းဆောင်နေခြင်းမျိုးလားအချစ်ရယ်

ဘဝအဆက်ဆက်ပြုခဲ့သမျှဝဋ်တွေမင်းနဲ့မှလည်တယ်ထင်တာပါပဲ

ကမ်းကုန်အောင်ဆိုးလို့ရပါတယ် အသွေးထဲအသားထဲကနေစူးနေအောင်ချစ်တာ
မင်းကိုလွှတ်ချရက်ပါ့မလား

မင်းကျေနပ်တဲ့အနေအထားတစ်ခုထိရှုပ်လို့ရတယ် ဒီလိုလူနဲ့ပက်သက်ရင်ဒီလိုဖြစ်မယ်ဆိုတာငါဖတ်ပြီးသာကံကြမ္မာတစ်ခုပဲလေ

သိရက်နဲ့ ငါကိုကကျေကျေနပ်နပ်ကြီး​တိုးဝင်ခဲ့တာ ဒါပေမယ့်မင်းရင်ဘတ်ထဲထောင့်တစ်နေရာလောက်မှာတော့ငါ့နေရာဆိုပြီးသီးသန့် တစ်နေရာထားပေးထားနိုင်မလား

ငါဘယ်သူ့ကိုမှဂရုမစိုက်တတ်ပါဘူး မင်းမို့လို့စိတ်ပူနေခြင်းမျိုးတွေ ပိုလွန်းတယ်ဆိုဆို နှာစီးခေါင်းခဲကအစစိတ်ပူတယ် ဂရုစိုက်ပေးချင်တယ်

စိတ်မပျက်တာမဟုတ်ဘူးအချစ်ရဲ့ ငါကမင်းကိုစိတ်မပျက်ရက်တာမင်းကဘာလုပ်လုပ်ငါစိတ်မပျက်ရက်နိုင်တဲ့ကမ္ဘာလေးပဲ...ဒါပေမယ့် ဒီလိုနဲ့ငါလေ မင်းကိုတကယ်စိတ်ပျက်ချင်သွားရင်ဘယ်လိုလုပ်မလဲ

ငါလည်းသူများနည်းတူသဝန်တိုတတ်တယ် ငါ့အပိုင်မဟုတ်တော့တာသေချာနေပြီမို့ ငါကလေးဆန်ပြလိုက်တဲ့အခါ မင်းရဲ့ရွေးချယ်မှုကငါမဟုတ်တော့မှာကိုပဲစိုးရိမ်မိတာ
အရာအားလုံးထက်မင်းကိုပိုယုံတယ် ယုံကြည်လိုက်တ​ဲ့အခါတိုင်းမင်းရိုက်ချနေပေမယ့် ယုံကြည်နေတုန်းပါပဲ

လူတစ်ယောက်ရဲ့ဗီဇကပြင်လို့မရဘူးတဲ့ငါသိပါတယ် လူတိုင်းထက်ငါ့အကြောင်းကိုလည်းမင်းပိုသိမှာပါတစ်ခြားသူတွေထက်ကိုငါပိုရွဲ့တတ်တ​ယ်ဆိုတာမင်းသိသင့်တယ်မင်းလုပ်သလို ငါလုပ်မိမယ့်အခါ မင်းစိတ်ပျက်သွားမှာကို ကြောက်နေမိတာ

ငါ့ဘက်ကပြန်ချည်ရမယ့်ကြိုးမို့ ငါကပြတ်အောင်လုပ်လို့မရဘူးမလားမင်းကအကောင်းချည်းမဟုတ်တာငါသိပေမယ့် ချစ်တဲ့စိတ်တစ်ခုတည်းကို ရှေ့တန်းတင်ထားမျိုးခြင်းပါ မင်းအပေါ်ထားမိတဲ့မေတ္တာကသိပ်ကိုထုထည်ကြီးသွားတယ်ထင်ပါရဲ့ ငါအဆင်မပြေရင်တောင်မင်းကိုအဆင်ပြေနေစေချင်တယ်

as long as you love meWhere stories live. Discover now