ch16 ဖိတ်စာမရှိတဲ့လက်ထပ်ပွဲတဲ့

500 13 7
                                    

"ဒဏ္ဍာ့သခင် အိပ်နေ​ြပီလား"

"ကိုကိုစာလုပ်နေတာပါဖေဖေ ပြောစရာရှိလို့လား"

တံခါးဖွင့်ကာဝင်လာသောဖေဖေ့ကြောင့် စာကြည့်နေရာမှ ထလိုက်သည်
ကြောင်တောင်တောင်ဟာသတစ်ခုကိုပြောပြရမည်ဆိုလျှင်
ဖေဖေ့ကို ကိုကိုလို့မခေါ်ခိုင်းတော့ပဲ သူကတော့ကိုကိုဟုသာသုံးနေရခြင်း
မသုံးလို့လည်းမရဘူး သူမှသားသားလို့မပြောတတ်ပဲ
ကျွန်တော်လို့ပြောရင် အဖေအဖြစ်ကစွန့်လွှတ်လိုက်တဲ့ မွေးသဖခင်ကြီးက။

"အင်း မနက်ဖြန် မင်း ဦးထက်ပြန်လာမှာ သွားကြိုလိုက်ဦး"

" ဘာလို့ကိုကိုလဲ မကြိုချင်ပါဘူး"

" ဟ မင်းကဘာတုန်း ဦးလေးကို"

" မသိဘူးလေ ကိုကိုမှမသွားချင်တာ ကိုကိုကသွားတော့မှတ်မိမှာလား"

"ဘာတွေအဲ့လောက်အမြင်တွေစောင်းနေတာတုန်း မတွေ့တာကြာတဲ့သူကို"

" တွေ့ရင်သူမှအချိုးမပြေတာဖေဖေရ ပြီးရင်ငယ်ငယ်ကလည်းကိုကို့နားမကပ်ဘူးမီးမီးနားပဲကပ်နေတာ သူကဘာလာလုပ်မှာတုန်း ပြင်သစ်မှာပဲနေခိုင်းလိုက်တာမဟုတ်ဘူး"

"ကိုကို ဘယ်လိုတွေပြောနေတာလဲ မင်းအမေကြားရင်ဝမ်းနည်းအောင်"

" ကိုကိုမှမကြိုချင်တာ "

"ဖေဖေမအားဘူးလေ နောက်ပြီးဟိုကဒီမှာမနေတာကြာပြီ မကြိုလို့ဖြစ်မှာမဟုတ်ဘူး မင်းမသွားရင်မင်းအမေကိုပဲသွားခိုင်းရမှာ နောက်ပြီးဟိုက မင်းကိစ္စနဲ့ရောက်လာတာ ဘာလာလုပ်တာတုန်းမမေးနဲ့"

" ဟာဗျာ ဖေဖေကလည်း ဘာလို့ကိုကို့ကိုလွှဲချနေတာလဲ"

" လွှဲချတာမဟုတ်ဘူးလေ မင်းမင်္ဂလာဆောင် သူ့မောင်ကိုမလာရင် မင်းအမေက
သေခန်းပြတ်ပြီတွေလုပ်ပြီးအတင်းအားအားမအားအားလာရမယ်ကြိမ်းမောင်းထားတာကို"

"ကိုကိုကမင်္ဂလာမ​ဆောင်ပါဘူး"

" ဘာပြောတယ်"

" တကယ်"

"ဒဏ္ဍာ့သခင် "

"မအော်နဲ့လေဗျာ ကိုကိုက18 ပဲရှိသေးတာ ခမ်းခမ်းနားနားကြီးမင်္ဂလာထဆောင်ရင် ဖေဖေတို့ပဲနာမည်ထိမှာပေါ့ အဲ့တာကြောင့်ပွဲမလုပ်ဖို့ဦးသြနဲ့ပြောထားပြီသား"

as long as you love meDonde viven las historias. Descúbrelo ahora