ch 17 ကိုကိုကလူဆိုးကောင်

575 24 8
                                    


5 လပိုင်း 26 ရက်... ဒီနေ့ကတော့ မီးမီးရဲ့ အင်း မင်္ဂလာဆွမ်းကျွေးလို့ပဲပြောရမှာပေါ့ အခုမနက်ပိုင်းကိုကိုနဲ့ဘုန်းကြီးကျောင်းသွားပြီး ဆွမ်းချိုင့်ပို့pတရားနာရမှာကြောင့် အန်တီလေးလိုက်ချုပ်ပေးထားသည့် တစ်ဦးတည်းသောမြန်မာဝတ်စုံမိုးပြာရောင်လေးအားဝတ်လိုက်ကာ ဆံပင်ကိုနှစ်ဖက်ခွဲပြီးငါးမြှီးဆံကျစ် ကျစ်လိုက်ပြီး မိတ်ကပ်ပါးပါးနှုတ်ခမ်းနီပါးပါးတင်လိုက်သည်

အောက်ထပ်ဆင်းလိုက်တော့မာမီတို့ဒယ်ဒီတို့ကအပြင်အဆင်ကြောင့်ခြံထဲတွင်အလုပ်ရှုပ်နေသောကြောင့်ဘယ်သူမှမရှိ

မဟုတ်ပါဘူး တစ်ယောက်ယောက်ရှိနေတာလား

မရှိဘူးလို့ထင်လိုက်ပေမယ့် မိန့်မိန့်ကြီးထိုင်ကြည့်နေသောကိိုကို့ကြောင့်လန့်သွားကာခုထိဘာမှမပြောပဲငြိမ်သက်ပြီးသူမကိုသာကြည့်နေသောကြောင့်
ဗမာဝတ်စုံဝတ်ထားခြင်းအားသတိရကာ ရှက်သွားရသည် ကြိုးတစ်ကိုင်းတွေဝမ်းကွာတားတွေဝတ်တာတောင်အခုလိုမြန်မာအိင်္ကျီဝတ်ထားရတာလောက်မရှက်ပါ။

"ကိုကို...ကိုကို့"

" ကြားတယ်"

လေးခါမြောက်မှ ကိုကိုကထူးကာ ပြန်ပြောလာခြင်း။

" မီးမီးပြီးပြီလို့ပြောမလို့.."

" အင်းး သိတယ်"

" သွားရအောင်... "

" အင်းသွားလေ သွားမယ်လေ လို့ပြောတာ"

ကိုကိုကဥိးဆောင်ကာ လက်ဗလာနဲ့ရှေ့က သွားမည်လုပ်တော့ " ဆွမ်းချိုင့်ကောကိုကို" လို့မေးလိုက်ရသေးသည်

"ကားပေါ်မှာတင်လိုက်ထားပြီးသား မင်းက မင်းကဒီတိုင်းလူပဲ လိုက်ခဲ့ရင်ရပြီ"တဲ့..

ဘုန်းကြီးကျောင်းရောက်ဖို့အရေး ကွေ့ရမယ့်လမ်းကိုကျော်ကျော်သွားမိသဖြင့် ဒဏ္ဍာ့သခင် လမ်းကသုံးခါလောက်မှားနေသည် နာရီဝက်သွားရမည့်ခရီး တစ်နာရီလောက်မောင်းပြီးသာ့်အခါတွင်တော့ရောက်လာပါပြီ *သီရိဓမ္မာ ဘုန်းတော်ကြီးကျောင်း*တဲ့ လမ်းကလည်း မမှားချင်မှနေရော အခုလောက်ဘေးကနေထိုင်လှပြနေတဲ့သူရှိတာ ဒီကောင်စိတ်မလွတ်ပဲနေမလား။

as long as you love meKde žijí příběhy. Začni objevovat