ch7 မင်းတစ်ခုခုဖြစ်သွားရင်ကိုကိုရူးမှာ

1.6K 63 29
                                    

ep 7//

မီးမီးခေါင်းညိတ်ပြသည်နှင့်ဒဏ္ဍာ့မီးမီးလက်ကိုတွဲကာလမ်းတစ်ဖက်သို့ကူးလာခဲ့သည်.. အာတာပူစီလက်ထဲရောက်သွားသည်နှင့်မကရုံတစ်မယ်ပျော်မြူးနေသောမီးမီးကိုကြည့်ပြီးသူ့မှာပီတီဖြာမိသေးသည်။

မီးမီးသည်ငှက်သိုက်မုန့်ကိုကိုင်ပြီးလမ်းကူးသဖြင့်အစကလိုသူလက်ဆွဲထားလို့မရပေ သူကိုင်ထားပေးမည်ဟုပြောသော်ငြား...မီးမီးကမပေး ရှေ့သို့သာဆက်သွားနေသည်.  သူခြေ တစ်လှမ်းနောက်ကျသွားကာ.. မီးမီးကသူ့ထက်ကျော်သွားပြီးသူကတော့ဆိုင်ကယ်လာသဖြင့်ရပ်စောင့်နေလိုက်သည် မီးမီးကတော့သူ့အားလျှာထုတ်ပြောင်နေလျက်။

ဆိုင်ကယ်နောက်မှ ကားး။ ကားနောက်မှဆိုင်ကယ်။
ဆက်တိုက်လာနေသဖြင့်မကြာသင့်ပဲကြာနေရာ နောက်ကားတစ်စီးပြီးမှပဲသူရှေ့ဆက်ရန်နေရာရတော့သည်
သူမပါမှန်းတန်းသိသည်နှင့်ရပ်စောင့်နေသောမီးမီးကတော့သူနဲ့နီးကပ်လာသည်ဆိုလျှင်ပဲ  လမ်းဘက်သို့မကြည့်ပဲရှေ့ဆက်ဖို့ပြင်နေသည်....

"တီ....."

ဟွန်းသံရှည်နှင့်အတူ လုံးဝအရှိန်မလျှော့လာသောကားရယ်ပါ... ​မီးမီးကဘေးလည်းမကပ်ပဲကားဆီသို့သာဦးတည်ကြည့်နေသောကြောင့်ဒဏ္ဍာ့ရင်တွေအဆမတန်ပူလာရတော့သည် "ဒီကောင်မလေးကတော့ကွာ"

သူထူပူသွားပြီးဘာမှမမြင်တော့ဘဲမီးမီးရှိရာသို့အမြန်လမ်းကူးလိုက်ကာမီးမီးအားလှမ်းဆွဲလိုက်သည်..ကျွီ ဆိုသည့်မြည်ဟီးသံနှင့်အတူကားအချို့ သည်ဘရိတ်ဆောင့်အုပ်သွားကြသည် အကယ်၍သူဖြတ်ကူးလာသောနေရာတစ်ဝိုက်မှကားများသာလျှင် ဘရိတ်မအုပ်ပေးပါက ဒဏ္ဍာ့ဘဝဟာ.. မတွေးရဲစရာ။
ထိုမျှထိသူမီးမီးကိုချစ်ပါသည်.. သူ့ဘဝထက်ပင် မီးမီးတစ်ခုခုမဖြစ်ဖို့ကသူ့အတွက်အရေးကြီးသည် မီးအိမ်ရှင်ဆိုတာဒဏ္ဍာ့သခင်အတွက်ထိုသို့ဖြစ်တည်မှုမျိုး

ဒဏ္ဍာ့သခင် မီးမီးလက်ကိုအမှီလမ်းဆွဲလိုက်သော်လည်း မီးမီးသည်သူ့နောက်သို့မပါမလာ။
"ဟင်"ကနဲတွေဝေခြင်းနှင့်အတူသူကြည့်မိတော့
မီးမီးကိုတစ်ခြားသူမှဝင်ဆွဲသွားခြင်း။ ထိုအခိုက်အတန့်...သည်အခိုက်အတန့်လေးတွင်မီးမီးဘာမှမဖြစ်လို့ပျော်ရမလား  တစ်ပါးသူရဲ့ရင်ထဲကျရောက်နေတဲ့မီးမီးကို စိတ်ပူရမလား ဒါမှမဟုတ် စိတ်တိုရမလားသူမသဲကွဲ။

as long as you love meWhere stories live. Discover now