ch 15 ဘာမှားသွားလို့လဲ

443 18 6
                                    

"အွန်း။"

" မီးအိမ် မီးအိမ် ကိုယ့်ဖုန်းကိုကိုင်တယ်နော်"

" ညီမကိုမဆက်သွယ်နဲ့တော့အကို"

" ဟာ ဘာလို့လဲ ကိုယ့်အမေကြောင့်လား"

" ညီမလက်ထပ်တော့မလို့"

" ဟင်"

" အဲ့တာကြောင့် "

" စနေတာမလား စနေတာမလားဟင် ကိုယ့်ကိုမကျေနပ်လို့လျှောက်ပြောနေတာလို့ပြောပါမီးအိမ်ရယ်"

"ဟင့်အင်းတကယ်..."

" မဖြစ်ရဘူးနော် ဘယ်သူနဲ့လည်း ကိုယ်တို့ကိုမကျေနပ်လို့လား မရွဲ့ရဘူးလေကွာ ကိုယ့်ကလေးက အရမ်းငယ်သေးတယ်"

"အကို့အမေလာသွားတယ် ညီမအမေတို့နဲ့ဆုံသွားတယ်အဲ့တာကြောင့် ကိုကိုနဲ့ လက်ထပ်ရဖို့ဖြစ်လာတာပဲ "

" ကိုကို"

"ငယ်ငယ်ကသိပ် ရင်းနှီးတဲ့အကိုတစ်ယောက်န​ဲ့ပါ"

"ဟိုကောင်ပဲ ဟိုကောင်မလား တောက်"

" အကို့မှာလည်းဆိုင်သူရှိတာပဲ မတောင်းပန်ချင်ပေမယ့် ကောင်းကောင်းမွန်မွန်လမ်းခွဲရအောင်"

" လက်မထပ်ပါနဲ့ ကိုယ်လေ ကိုယ်လာခိုးမယ်နော် ကိုယ့်ဖုန်းကိုကိုင်ပါ ကိုယ်တောင်းပန်ပါတယ် ကိုယ်မခွဲနိုင်ဘူး"

" ဒါပဲနော်"

" စဥ်းစားပေးပါ မီးအိမ်ပဲ ကိုယ့်ကိုချစ်တယ်ဆို နှစ်ယောက်တစ်ဘဝတည်ထောင်ဖိူ့စဥ်းစားပေးပါ မီးအိမ်အဖြေကိုကိုယ်စောင့်နေပါမယ် ကျေးဇူးပြုပြီး ကျေးဇူးပြုပြီးတစ်ခြားကောင်နဲ့မယူပါနဲ့"

တီ.. ရပ်ဝန်းပြောသည်မျမကြားချင်တော့သောကြောင့်မအိမ်ဖုန်းကိုချလိုက်မိသည်
သို့သော်ကိုကိုပြောသွားသောစကားများကိုကြာယောင်မိတော့ တစ်ခုခုကိုတွေဝေသွားလျက်.....

အတန်ကြာစဥ်းစားပြီးမှ ရပ်ဝန်းဆီမက်ဆေ့ပို့လိုက်သည်

" ဟုတ်ပြီလေစဥ်းစားကြည့်ပေးမယ်"

" ပျော်လိုက်တာ ကိုယ်စောင့်နေမယ်နော်"

ရပ်ဝန်းဆီက မက်ဆေ့ရပြီးပြီးချင်း မီးအိမ်တစ်ခုခုကိုသေချာပေါက်သတိထားလိုက်မိသည် အဲ့အရာကသူမကိုလိုချင်သည့်သူဆီသာသွားချင်သည့်စိတ်။
ကိုကို့ကိုစိတ်မရှုပ်စေချင်စိတ်။ ။

as long as you love meWhere stories live. Discover now