ဒါနဲ့ပဲ ဖေဖေရဲ့ အတွင်းရေးမှူးမလေးဆီကို စကားအစ်လိုက်တော့ ကုမ္ပဏီဟာ အခက်အခဲတွေနဲ့ရင်ဆိုင်နေရ၏။
ဒီ‌ေချးငွေတွေကို ပြန်မဆပ်နိုင်ပါက ကုမ္ပဏီကိုလည်း ဒေဝါလီခံရတော့မှာဖြစ်တယ်လို့ သိလိုက်ရ၏။

မလွဲသာမရှောင်သာတဲ့ အခြေအနေမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် သျှား မသိတော့ပေ။
အဲ့အချိန်မှာသူ့ခေါင်းထဲကို ၀င်ရောက်လာတဲ့ အတွေးက ဒီကိစ္စတွေကို ဖြေရှင်းနိုင်ပေးတဲ့သူက ၀လ္လာတစ်ယောက်တည်းသာ ရှိသည်။
သူပဲ ဒီကိစ္စကို ဖြေရှင်းပေးနိုင်လိမ့်မည်။

ပထမတော့ သျှား သည် အရာအားလုံးကို ပြန်မှတ်မိနေပေမဲ့ မဆိုသလောက်လေး ၀လ္လာအပေါ်ကို မူချင်မိသေးသည် ။ လွယ်"နဲ့ ကျေအေးပြီး လက်ခံပေးလိုက်ရင် ၀လ္လာ အတွက် အရမ်းလွယ်နေလိမ့်မည်။
ဒါကြောင့် ၀လ္လာကို အလျှော့မပေးပဲ တင်းခံနေတာပင်။
ဒီလိုမျိုး လွယ်"နဲ့ ကိုယ့်ဘက်ကပဲ စတင်ရလိမ့်မယ်လို့ သျှား ဘယ်သော အခါမှ မတွေးခဲ့ပေ။

ဦးမြတ်မင်းက သူ တက်နိုင်သမျှ ငွေးတိုးလိုက်ချေးပါသောလည်း ဘယ်သူတစ်ဦးတစ်ယောက်ကမှ ယုံကြည့်ခြင်းမရှိခဲ့သဖြင့် လက်ဗလာနဲ့သာ ပြန်လာခဲ့ရသည်။
အရင်က ရှယ်ယာရှင်တွေကလည်း ဦးမြတ်မင်းကို ယုံကြည်ပြီး ရှယ်ယာတွေထည့်ခဲ့သည်။
ဒါပေမဲ့ ဒီကိစ္စတွေဖြစ်ပွားမူ့ကြောင့် ချက်ချင်းပဲ သူတို့ ရှယ်ယာတွေကို ပြန်ထုတ်ပေးဖို့ ပြောလာကြ၏။

ဒါတွေကို ဖြေရှင်းဖို့နည်းလမ်းက ဒီတစ်နည်းတည်းရှိတော့တာမို့ မတက်သာတဲ့အဆုံး ၀လ္လာဆီကို သူလာခဲ့မိသည်။
ကိုယ့်စိတ်ကို လွန်ဆွဲနေတာကြောင့် ကြားထဲမှာ ရက်အနည်းငယ် စဉ်းစားကြည့်မိ‌‌လိုက်သည်။
နောက်ဆုံးမှာ မထင်မှတ်ပဲ ၀လ္လာရဲ့ သူငယ်ချင်းဖြစ်တဲ့ ကိုရေပြင်ညီနဲ့ center တစ်ခုမှ ဆုံမိကြပြီး ကိုယ်က သူ့ကို မှတိမိပါသောလည်း မမြင်ချင်ယောင်ဆောင်နေခဲ့၏။
သို့ပေမဲ့ အနှီလူက သူ့ကိုမြင်ပြီး အတင်းနူတ်ဆတ်ကာ
နေကောင်းလား၊ အဆင်ပြေလား စတဲ့ စကားတွေပြောကြရင်းနဲ့ နောက်ဆုံး ၀လ္လာအကြောင်းဆီ ရောက်သွားကြ၏။
၀လ္လာသည် နောက်ရက်အတောအတွင်းမှာ စလုံးကို သွားဖို့ အစီစဉ်ရှိတယ်လို့ပြော၏။
စင်ကာပူကို သွားတဲ့ အချိန်အတွင်းမှာ ဟိုမှာ ဘယ်လောက်ကြာအောင်နေရမလဲ မသိဘူးလို့လည်း‌ေပြာသည်။ စာချုပ်ကိစ္စတွေ အဆင်ပြေရင်တော့ အလွန်ဆံုးနှစ်ပတ်‌ေလာက်ကြာနိုင်သည်လို့‌ေပြာသည်။
အကယ်၍များ ချော"မွေ့"နဲ့ မပြီးနိုင်ပါက သံုးလထိတောင်ကြာသွားနိုင်သည်ဟု ရေပြင်ညီက ပြောလာခဲ့သည်။ နောက်ဆုံးတော့ အခုလို အခြေအနေမျိုး ရောက်လာခဲ့တာဖြစ်သည်။

{ ချည် } Όπου ζουν οι ιστορίες. Ανακάλυψε τώρα