CHAPTER [ 56 ]

12.5K 1.2K 74
                                    

ဘဝမှာ ရှင်သန်စရာ အကြောင်းပြချက် များများစားစား မလိုဘူးဟု Ray ထင်ပါသည်။
သူဖြတ်သန်းလာခဲ့တဲ့ ၁၈ နှစ်ကျော်မှာ ပျော်ရွှင်စရာ အချိန်တွေဆိုတာ လက်ချိုးရေလို့ ရခဲ့သည်ပင်။ ယခုတော့ မနက်ဖြန်တွေဆိုတာတောင် မသေချာတော့။ အပ်ဖောက်ရာတွေ ထပ်နေခဲ့ပြီဖြစ်သော လက်ကောက်ဝတ်ကို ပြန်ငုံ့ကြည့်မိတိုင်း အတိတ်ရဲ့အရိပ်တွေထဲကနေ သူ အလုံးစုံ လွတ်မြှောက်ချင်သည်။

လူတိုင်းမှာ အနာဂါတ် ရည်မှန်းချက် ရှိကြလိမ့်မည်။ သူကတော့ လွှင့်ချင်ရာ လွှင့်နေတတ်သော စွန်အပျက်လို ဖြစ်တည်မှုနှင့်တူသည်။ စုတ်ပြဲဒဏ်ရာတွေကို ဖာထေးဖို့ ကြိုးစားရုန်းကန်ရင်း ဦးတည်ရာ မဲ့နေခြင်းမျိုး။တစ်ခါတစ်လေကျတော့လည်း မကောင်းတဲ့မှတ်ဉာဏ်တွေ သူ့အလိုလို မှေးမှိန်ပျောက်ကွယ်သွားလျှင် ကောင်းမည်ဟု တွေးမိသည်။

ခုတင်ပေါ်တွင် ထိုင်ရင်း ခေါင်းရင်း မှန်နံရံကနေ လှမ်းမြင်ရသော ပြင်ပလောကရဲ့နေပူလိုက် မိုးရွာလိုက် အခြေအနေအား ထိုင်ကြည့်နေခဲ့မိသည်မှာ နေပင် ကွယ်လုလု။ အခန်းတံခါး ဖွင့်သံ သဲ့သဲ့ကြားရတော့ သူ အခန်းတံခါးဝဆီ လှည့်ကြည့်လိုက်သည်။ အပြင်ကနေ ပြန်လာပုံ ရတဲ့ Eric က အပြုံးဖျော့ဖျော့နဲ့ သူ့အနားသို့ လျှောက်လာပြီး ခုတင်ဘေးရှိ ခုံတွင် ဝင်ထိုင်၏။

"Doctor Aaron က မကျွေးနဲ့လို့ မှာထားပေမဲ့ မင်းကြိုက်တဲ့ ဆိုင်ကနေ Ice Cream Roll ဝယ်လာပေးတယ် Ray"

အရည်မပျော်အောင် သေချာ ထုပ်ပိုးလာသည့် ရေခဲမုန့်ခွက်လေးကို မြင်သည့်အခါ သူ ပြုံးမိသည်။ Eric က ဇွန်းတပ်ပြီး သူ့လက်ထဲ ထည့်ပေးလာတော့ အအေးဓါတ်နှင့်အတူ Vanilla နံ့ သင်းသင်းလေးကို ရှိုက်မိ၏။ ဘယ်တော့မှ မပြောင်းလဲတဲ့ အရသာကလည်း စားလိုက်တိုင်း ပျော်ရွှင်စရာကောင်းတဲ့ အမှတ်တရတွေကို ပြန်ထင်ဟပ်စေသည်။

"အဲ့ဒီ့လို အပြုံးမျိုးပဲ"

Eric က သူ့ကို ကလေးတစ်ယောက်လို အရိပ်ငုံကြည့်နေသည်။

"မင်းကို ဒီအိမ်ခေါ်လာပြီး လအတော်ကြာထိ မင်းက မပြုံးခဲ့ဘူးလေ...ကျောင်းအပြန်လမ်းမှာ တွေ့တဲ့ ဒီရေခဲမုန့်ဆိုင်မှာ ငါ မင်းနဲ့အတူ ရေခဲမုန့် စားတော့မှ မင်းရဲ့အပြုံးကို မြင်ခဲ့ရတယ်"

RAYWhere stories live. Discover now