"ငါငှားထားတဲ့ဆရာဝန်တွေအများကြီးပါကွာ...အရေးကြီးတဲ့ Caseဆိုရင်တော့ ငါသွားမှာပေါ့"
"အင်းပါ...သဘော"
.
.
.
"Moon ပြန်ရောက်ပြီလား"
စလာပါပြီ သူ့ကိုစောစောအိပ်ခိုင်းမှာမို့ အခန်းထဲခေါ်လာသော်လဲ အရင်မေးတာက Moon တဲ့...
"မရောက်သေးဘူး။ မင်း Driver နှစ်ယောက်ထည့်ပေးလိုက်တယ်မှတ်လား။ ပြီးတော့ ပြန်လာရမဲ့အချိန်ကိုလဲ သတ်မှတ်ထားတာပဲ ရောက်မှာပါ..."

"အင်း..."
"အင်း လုပ်မနေနဲ့...ခဏနေအိပ်ရမယ်"

"စောသေးတယ်လေ"
"မစောဘူး ၉နာရီကွ"

Roshan ရဲ့ ဒေါသမျက်လုံးတွေကို လှောင်တာမဟုတ်သော်လဲ ရယ်ချင်မိသည်။ ဒါပင်မဲ့ ဒါတွေက မိမိအတွက်ပဲလေ....

"မင်းကလဲ အရင်လိုမဟုတ်တော့ဘူး။ ငါ့ကို ဟောက်ဖို့ပဲ"
စနောက်တဲ့ပုံစံသဘောဖြင့်သာပြောလိုက်သော်လဲ မိမိမှီကာထိုင်နေသော ကုတင်ပေါ်သို့ Roshan တတ်ထိုင်လိုက်ကာ ဆွေးမြေ့မြေ့လေးကြည့်ရင်း
"ငါက မင်းဆို အရင်တိုင်းဘဲ ဘာမှမပြောင်းလဲဘူး။ မင်းသာမမြင်တာ။ ဘယ်မြင်မလဲ မြင်အောင်မှမကြည့်တာကို...."

"ပြွတ်.." ဆိုပြီး နှုတ်ခမ်းကို ရုတ်တရက် လာနမ်းသော Roshan ကြောင့် Death တောင့်တောင့်ကြီး ဖြစ်သွားလေသည်။

"Sorry ငါစိတ်မထိန်းနိုင်ဖြစ်သွားတယ်"
Roshan လဲ တောင်းပန်ကာ ထဖို့ပြင်လိုက်ပင်မဲ့ အဆွဲခံလိုက်ရသောလက်နှင့်အတူ လူကလဲ Death ရင်ခွင်ထဲ တန်းရောက်သွားလေတော့သည်။

ရင်ဘက်ထဲ အဆမတန်ခုန်လာသော အရာနှစ်ခုက ထပ်တူမှကျရဲ့လား.....
"ငါ အွတ်..."

ဆွဲဆောင်အားကောင်းသော နှုတ်ခမ်းပါးလေးတစ်စုံကြောင့် Death စိတ်မထိန်းနိုင်ဖြစ်သွားရလေသည်။
မရည်ရွယ်သော်ငြား.......

မောဟိုက်ကာ တွန်းကန်စပြုလာသော လက်ကလေးကြောင့် Death လွှတ်ပေးမိပြန်သည်။
မျက်ရည်လေးတွေဝဲကာ တတ်နေသော မျက်ဝန်းတစ်စုံနဲ့ Death တိုးသွားလေတော့ မှားပြီလားဆိုတဲ့အတွေးက အလုံးအလျားဝင်လာလေသည်။

ဆက်ပြီး မျက်နှာချင်းဆိုင်ရန် မဝံ့ရဲလာသောကြောင့် ကုတင်ပေါ်ကနေ အမြန်ပြေးဆင်းသွားကာ ​ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။

Near the love (Complete)Where stories live. Discover now