🖤23🖤

799 98 50
                                    

Unicode

ဂျွန်ဇနီးမောင်နှံတို့ တစ်ညသာ စံအိမ်ကြီးမှာနေခဲ့ကြပြီး မနက်ရောက်တာနှင့် ဆိုးလ်ကို ပြန်ပြေးကြတော့သည်။ကြာကြာသာနေရင်
ဘာတွေထပ်ကြုံရအုံးမလဲ မသိနိုင်တာမို့
စံအိမ်ကြီးကို သေချာပြောဆိုနှုတ်ဆက်ခဲ့ပြီးမှသာ ထားရစ်ခဲ့သည်။
အငွေ့အသက်တွေကိုထိတ်လန့်လွန်းလို့
ဆိုပေမဲ့ အခါအခွင့်သင့်ရင်တော့ ထပ်ပြီး
အရောက်လာခဲ့ပါမယ်။

"ဂျောင်..အိမ်ကိုဘဲမောင်းမှာလားဟင်.."

"အွန်း"

အမှန်တကယ်‌ေတာ့ တစ်ယောက်ထဲပြန်ဖြစ်သွားမှာကိုငြီးငွေ့နေတာ။အိမ်ကြီးထဲနေရတာ တနေ့တနေ့ပျင်းလို့ ခြောက်ကပ်လွန်းအားကြီးတာမှ အရမ်း။ယောင်္ကျားကလဲ ငယ်ငယ်တုန်းက လူပျိုမလုပ်ခဲ့ရသမျှ အခုမှအတိုးချပြီး လူပျိုလုပ်နေလားမသိ။
မိုးလင်းခဏ၊ ညဘက်ခဏကလွဲရင် မြင်ရတယ်လို့ကိုမရှိဘူး။

"ဆူပုတ်နေတာဘဲ..ဘာဖြစ်နေတာလဲ"

"အိမ်မပြန်ချင်လို့.."

"အဲ့တာဆို ဘယ်ပို့ပေးရမလဲ ပြော.."

"ကားရပ်လိုက်.."

"ကျွီ"

မြစ်ကူးတံတားပေါ်ကားရပ်လို့ မရပေမဲ့ ဒဏ်ငွေဆောင်ခါမှ ဆောင်ရပါစေ မြစ်ရှု့ခင်းကြည့်ချင်‌တဲ့ဆန္ဒလေးကိုသာ ဦးစားပေးရင်း ခဏတဖြုတ် ကားရပ်ထားကာ နှစ်ဦးစလုံး
အပြင်ထွက်ပြီး လေညှင်းခံဖို့ဆုံးဖြတ်လိုက်သည်။

"ကိုယ်ပွေ့ထားမယ်နော် ပြုတ်ကျမှာဆိုးလို့"

တံတားကသံဘောင်တန်းပေါ် ဆက်ခနဲအတင်ခံလိုက်ရတော့ အသည်းကိုအေးခနဲ..
အောက်ငုံ့ကြည့်လိုက်ရင်လဲ ရေပြင်ကြီးသာမို့ ပြုတ်ကျလိုက်ရင်တော့..

"အမလေး!"

"ကြောက်လို့လား"

"ကြောက်တာပေါ့လို့"

"ဒါဆို ကိုယ့်ကိုသေချာဖက်ထားနော်"

"ဟွန့် ဂျောင်နော်..သူများကိုအသားယူတယ်"

"ဘာဖြစ်လဲ..ဘာဖြစ်လဲ"

"အိုက်ဂူး ခေတ်လူငယ်တွေများ အံ့ဩပါရဲ့.."

🄷🄾🄼🄴{Sᴇᴀsᴏɴ1}Where stories live. Discover now