🖤12🖤

845 102 11
                                    

Unicode

"ဟဲ့ရေ ဘာလိုလိုနဲ့စီနီယာတွေတောင် ကျောင်းပြီးသွားပီ ငါတို့လဲဘယ်တော့မှပြီးမလဲမသိဘူး"

"ငါတော့မပြီးစေချင်သေးဘူး"

"အင်း ငါနားလည်ပါတယ် ငါလဲအထက်တန်းပီးရင် နိုင်ငံခြားမှာဆက်တက်ရမှာ"

"လာပြန်ပီနောက်တစ်ယောက်ထားခဲ့အုံးမယ်"

"အရင်ကဘယ်သူ ထားခဲ့လို့လဲ"

"ငါ့သူငယ်ချင်း ကင်မ်ထယ်ယောင်း"

"အိုမို နာမည်လေးကြားရုံနဲ့တင်ချောမှာကျိန်းသေတယ်"

"နင်ဟာလေ.."

"ဟီး ထားပါ အခုစီနီယာတွေကျောင်းဆင်းပွဲရှိတယ် သွားကြည့်ရအောင် အပျင်းပြေတာပေါ့"

"ငါ့ညီမရော"

"သူလဲအဲ့မှာဘဲ ငါတို့အတွက်ခုံဦးထားတယ်တဲ့ လာပါ"

"အင်းပါ"

စိတ်ထဲအရမ်းရှုပ်ထွေးနေတာမို့လို့ စိတ်ပြေလက်ပျောက်ဖြစ်အောင်ဆိုပီး ဒါဒါခေါ်ရာနောက်လာလိုက်တာ မှန်သလိုတော့ရှိသား။
စတိတ်‌ခုံပေါ်မှာ ပျော်ပွဲအစီအစဉ်တွေလုပ်နေတဲ့ စီနီယာအုပ်စုတွေရဲ့ စင်အောက်ကတခြားသောကျောင်းသားကျောင်းသူများလဲ စားကြသောက်ကြဖြင့် ကျောင်းဆင်းပွဲလေးကျင်းပနေသည်။

"မမတို့ ဟာနာ ဒီမှာ"

"လာပီး"

"ရော့မမ"

"ဒီနှင်းဆီတွေကဘယ်သူပေးတာလဲ"

ဟာနာ နဲ့ ဒါဒါအချင်းချင်းကြည့်ရင်း ကျိတ်ရီခါ..

"ခဏနေသိရမှာပေါ့"

ဟာနာပေးလာတဲ့ နှင်းဆီပွင့်တွေက အဖြူ၊အနီရောထားတာကြောင့်တမျိုးတော့လှသား။အပွင့်အရေအတွက်ကလဲ ငါးပွင့်..
ပိုင်ရှင်ဘယ်သူပေးလဲမသိပေမဲ့ ပေးရခြင်းရဲ့အဓိပ္ပာယ်ကိုတော့သိချင်သား။ နှင်းဆီတွေမြင်ခါမှ စီနီယာ့ကိုသတိရတယ် ဟိုတစ်ခါခေါင်မိုးထပ်မှာနောက်ဆုံးတွေ့ပီးထဲက ထပ်မတွေ့ရတော့သလို နှင်းဆီတွေလဲရောက်မလာတော့..အမှန်တိုင်းပြောရရင်မျှော်နေခဲ့တာ။

ရှေ့ဆုံးတန်းကခုံမှာနေရာရထားတာကြောင့် သုံးယောက်လုံးတစ်တန်းထဲထိုင်ကာ စင်ပေါ်ကဖျော်ဖြေမှုပေါင်းစုံကို စိတ်ဝင်တစားကြည့်နေကြသည်။ဒါပေမဲ့ ဟာအွန်းကတော့ စင်ပေါ်ကိုကြည့်သာကြည့်နေတယ် အသက်မပါ။

🄷🄾🄼🄴{Sᴇᴀsᴏɴ1}Where stories live. Discover now