🖤14🖤

786 95 6
                                    

Unicode

ဖုန်းလဲဆက်လို့မရ ကျောင်းကိုလာတာလဲမတွေ့မိတာ တစ်ပတ်လောက်ရှိနေပီ ညီအမနှစ်ယောက်လံုးနဲ့ အဆက်အသွယ်လုံးဝပြတ်သွားတာမို့ ဂျောင်ဂုအတော်လေးရင်ပူနေရသည် သူ့..မိဘတွေသိသွားတာများလား
မဟုတ်မှ မင်ယွန်းဂီ စနက်တွေဘဲနေမှာပေါ့

လမ်းက ကြုံရာတက္ကစီကို လှမ်းတားလိုက်ကာ MG ရဲ့ ဒုမန်နေဂျင်း ဆိုသူထံ ကြိုချိန်းမထားလို့ ဝင်ခွင့်မပေးတဲ့ အတွင်းရေးမှူးမကို တွန်းထုတ်ကာ ရုံးခန်းထဲဝင်တော့ ခုံပေါ်အခန့်သားထိုင်နေတဲ့ အစ်ကိုဝမ်းကွဲကြီး

"ဟေး ညီလေး ဘယ်နှယ့်တုန်း"

"ခင်ဗျား ဘာလုပ်လိုက်တာလဲ ဟာအွန်းတစ်ခုခုဖြစ်ရင် လုံးဝခွင့်မလွတ်ဘူးနော်"

"စိတ်လျော့မှပေါ့ ငါလုပ်လိုက်တာက မင်းတို့တွဲနေကြောင်းသူ့အိမ်ကသိရုံဘဲ"

"တောက်ခ်"

"ငါလက်ထဲကို ဟာအွန်းက အလိုလိုရောက်လာမှာမို့ မင်းဘက်ကဘဲ နောက်ဆုတ်လိုက်ပါ"

"လုံးဝဘဲ"

"ဟက်..ဒါဆိုလဲ မင်္ဂလာဆောင်ကြရင်တော့ လာဖြစ်အောင်လာနော် vip အဖြစ်"

"ကိုယ်ကို ကိုယ်ဟုတ်လှပီ မှတ်မနေနဲ့ မင်ယွန်းဂီ ဂျွန်ဂျောင်ဂု ဘာကောင်လဲ သိစေရမယ်"

ကျိန်းဝါးကာ ထွက်သွားသော ဂျောင်ဂုကို အောင်နိုင်သူပြုံး ပြုံးကာ ခြေချိတ်ထိုင်မပျက်ကျန်ရစ်ခဲ့သော သူသည် ဘာမှအပင်ပန်းခံစရာမလိုအောင် အကွက်ကျကျအစီအစဉ်
ဆွဲထားပီသား

"ဒီနေ့ညနေ မင်္ဂလာဝတ်စုံသွားရွေးဖို့
ဟာအွန်းကို လာခေါ်မယ်နော် အန်ကယ်"

"..."

"ဟုတ်ကဲ့ ကောင်းပါပီ"

မိဘက သားသမီးထက်ပိုပီး လုပ်ပိုင်ခွင့်အာဏာရှိတယ် သူ့သမီးကိုလိုချင်ရင် မိဘကိုအရင်အပိုင်ချုပ်ထားရမှာပေါ့ လိုချင်တာကိုကလေးဆန်ဆန်အကွက်တွေလုပ်မနေဘဲ
ဂေါင်ထိ အကုန်စားတာမျိုးဘဲ မင်ယွန်းဂီကကြိုက်တာ။

မကြာခင် ဟာအွန်းကကျောင်းပီးတော့မှာ မင်းဘာတွေကြံအုံးမလဲကြည့်ကြသေးတာပေါ့..
.......
ဂျောင်နဲ့ကိစ္စကြောင့် စကားများပြီးကျကတည်းထဲ ကျောင်းရော၊‌အိမ်ပြင်ပါထွက်ခွင့်လုံးဝမပြုတော့သလို ဖုန်းတွေလဲသိမ်းထားကာ ပြောရရင် ဦးငယ် နဲ့ လက်မထပ်ရသေးမခြင်း နေအိမ်အကျယ်ချုပ်ချထားမည်ဖြစ်သည်။ဟာနာကပါ အစစ်ပါလာရသည်။

🄷🄾🄼🄴{Sᴇᴀsᴏɴ1}Where stories live. Discover now