🖤21🖤

949 102 62
                                    

Unicode

"ယူမီ လို့ပြောပေးပါ"

"ခဏလောက်စောင့်ပါနော်"

တစ်ပတ်လောက်ဆေးရုံတက်ခဲ့ရပြီး ကုန်ကျစရိတ်ကိုပါ တစ်ခါထဲထောက်ပံ့ပေးသွားတဲ့ ကျေးဇူးရှင်ကို ရှာဖို့ရာ J&Y ကိုသွားခဲ့ပေမဲ့ ကုမ္ပဏီကိုမလာဘူးဆိုတာကြောင့်
ရုံးက သူ့အတွင်းအမှူးအကူအညီနဲ့ ဂျွန်စံအိမ်ကိုလိုက်သွားခဲ့သည်။

အိမ်အကူမလေးသည် ပါးနပ်စွာ ဂျွန်ဇနီးမောင်နှံအခန်းအား တံခါးခေါက်လိုက်ပြီးနောက် ဧည့်သည့်လာကြောင်းသာအသိပေးပြီး မိန်းကလေးဧည့်သည့် ဖြစ်ကြောင်းကိုတော့ ထည့်သွင်းမပြောလိုက်ပါ။
အကြောင်းက မမလေးသည် နေမကောင်းတဲ့အတွက် ဒီလိုမိန်းကလေးတစ်ယောက်က အကိုလေးဆီသာလာမှန်းသိရင် ပို၍ဆိုးသွားလိမ့်မည်။

"အချစ် ခဏလေးနော်ကုမ္ပဏီကထင်တယ်"

"အင်းသွား.."

မျက်နှာလေးချောင်ကျသွားပြီး နဂိုကတည်းက ခန္ဓာကိုယ်သေးသေးလေးပါဆို ပိန်ကျသွားသေးသည်။ဒီဝေဒနာတွေဟာသူ့ကြောင့်ဆိုပြီးဂျောင်သည် ကိုယ့်ဘာသာ အပြစ်တင်မဆုံးခဲ့ဘဲ ဟာအွန်းသေချာလေးချော့ပြောမှသာ ဆက်မပြောတော့ဘဲ အိမ်သူလေးအနားမှာမခွာတမ်း ပြုစုပေးသည်။

အလုပ်တွေပစ်ထားပြီး အိမ်ဘဲကပ်နေတာကြာပီမို့လို့ ကုမ္ပဏီက လူတစ်‌ယောက်လာတွေ့တာဘဲလို့ထင်မိပေမဲ့ ထင်ထားသလိုမဟုတ်ဘဲ သူစိမ်းမိန်ကလေးဖြစ်နေသည်။
အတိအကျပြောရရင် မော်ဒယ်ယူမီ။

"ယူမီရှီး ဘာကိစ္စရှိလို့လဲ"

"အကို့ ကိုဒီကတ်လေးလာပြန်ပေးတာ"

"ပြန်မပေးနဲ့တော့လို့ ပြောခဲ့တယ်လေ"

ဂျောင် မျက်မှောင်ကျုံ့လိုက်ကာ ခပ်အုပ်အုပ်ပြောလိုက်သည်။အခန်းထဲက ဟာအွန်း
ကြားသွားရင် မလိုလားအပ်တဲ့ရန်ပွဲတွေ မဖြစ်ချင်တာမို့ အမြန်ပထုတ်လိုက်ဖို့ပြင်သည်။

"ဟို..အဲ့နေ့က သေချာကျေးဇူးတင်စကားမပြောလိုက်ရလို့ပါ"

"ရတယ် အခုကဒ်ပေးပြီးပီမို့လား"

"ဟုတ်.. အကို နေမကောင်းဘူးလားဟင် မျက်တွင်းတွေကျနေတယ်"

"ကျွန်တော့်မိန်းမ နေမကောင်းလို့ ဂရုစိုက်နေရလို့ပါ ‌အခုတောင်ခေါ်နေလားမသိဘူး သွားလိုက်ပါအုံးမယ်"

🄷🄾🄼🄴{Sᴇᴀsᴏɴ1}Where stories live. Discover now