🖤10🖤

828 102 26
                                    

Unicode

/ချစ်တဲ့Eun/

"မြင်မြင်ချင်းအချစ် နှစ်တစ်ရာဆိုတာ
ကိုယ်တော့တစ်ကယ်ယုံသွားပီ တစ်ကြိမ်တစ်ခါမှမခံစားခဲ့ရဘူးတဲ့ ခံစားချက်တွေကိုမင်းနဲ့မှ စပြီးခံစားမိခဲ့တာမို့လို့ မင်းနဲ့ဘဲအဆုံးသတ်ပါရစေ
Playboy မို့လို့ဆိုပီးပြန်မချစ်ဘဲမနေလိုက်ပါနဲ့နော်..ချစ်တယ်ချာတိတ်"
                                            /မင်းရဲ့စီနီယာ/

ဒီစာကို ဘယ်နှကြိမ်မြောက်ဖတ်မိနေလဲမသိပါ ပထမဆုံးဘဝမှာစိတ်လှုပ်ရှားဆုံးအချိန်ကဘယ်အချိန်လဲမေးရင် ခုလို့ပြောရမလားဘဲ crushက လဲကိုယ်ကိုကြိုက်နေတယ် ဆိုတော့ မင်ဟာအွန်းတို့ လေပေါ်ကိုမြောက်ချင်ချင်..

"ကြည့်စမ်း မထင်ထားဘူး ရေးတတ်လိုက်တာ ဟိဟိ"

"မမ ကျောင်းသွားမယ်လေ တစ်ယောက်ထဲဘာတေအူမြူးနေတာ"

"အယ် မဟုတ်ပါဘူး"

"နောက်ကဖွက်ထားတာဘာလဲ ပြစမ်း"

"ဟုတ်ပါဘူး ဟာနာရဲ့ ဒီတိုင်း.."

"OMO daebak မမကိုစီနီယာက"

"ဟိတ် တိုးတိုး ဖေဖေနဲ့မေမေကြားကုန်မှဖြင့်"

"ဟိဟိ တို့မမတော့ စွန်တော့မယ်ဟေ့"

"ဒီကောင်မလေးတော့.."

ပါးလေးနှစ်ဖက်ရဲနေသော မမကစီနီယာ ဂျောင်ဂုနဲ့ဆို သိပ်လိုက်ဖက်မှာမို့လို့ ဒီက ညီမ
က မြှားနတ်မောင်လုပ်ပေးလိုက်ပီနော်မမရေ၊
ကျန်တာက ခဲအိုလေးသူ့ဇာတ်သူကြည့်က လိမ့်မယ်။

"ဘာမှ မူမနေနဲ့ မမ ပြန်ချစ်လိုက်"

"ဟဲ့ အဲ့သလောက်လွယ်မလား"

"ခုမှ ရူးချင်ယောင်ဆောင်မနေနဲ့ မမဒိုင်ယာရီထဲကရေးထားတာတွေက ဘာလဲပြော"

"ကြည့်စမ်း ခိုးဖတ်ထားတာလား"

"နည်းနည်း.."

"ညည်းနဲ့တော့မလွယ်ပါလား"

"ကျောင်းသွားရအောင် ဟိုကစောင့်နေလောက်ပီ"

ကျောင်းနဲ့အိမ် ၊အိမ်နဲ့ကျောင်းကလွဲရင် အပြင်‌‌ေလာကကိုဘာမှမသိတဲ့ဆယ်ကျော်သက်ကောင်မလေးရဲ့ ရင်ခုန်သံတွေသည် စီနီယာကြီးအပေါ် မကြာသေးခင်ကသက်ရောက်ခဲ့မိသည်။
"ဟိုကplayboyနော််"လို့ကိုယ့်ကိုကိုယ် သတိပေးနေပေမဲ့လည်း ဦးနှောက်ကိုနှလုံးသားကအသာစီးရ‌နေလေသည်။

🄷🄾🄼🄴{Sᴇᴀsᴏɴ1}Where stories live. Discover now