🖤16🖤

953 124 18
                                    

Unicode

လွန်ခဲ့တဲ့၄နှစ်က ကားတိုက်မှုကြောင့်
မင်ယွန်းဂီလဲသေဆုံးသွားတဲ့ဆိုတဲ့သတင်းကလွဲရင် အစပျောက်သွားခဲ့သည်။ ဒါရိုက်ဘာကတော့ ပွဲခြင်းပြီးပင်။ကံကောင်းထောက်မစွာ ဟာအွန်းက အသက်ရှင်ကျန်ခဲ့ပြီး အာရုံကြောတစ်ချို့ပျက်စီးသွားသည်။
မင်္ဂလာပွဲကလဲ အလိုလိုပျက်သွားတာမို့
ဟာအွန်းမိဘတွေက သူမကို အမွေပြတ်စွန့်လွတ်လိုက်ပြီး ဂျောင်ဂုနဲ့သဘောမတူသော်ငြားလဲ ခိုးပြေးသွားတာကြောင့် မဖြစ်မနေ အကျဉ်းချုံးသာ လက်ထပ်ပေးလိုက်ရသည်။

ဤသို့နှင့် ယနေ့ဒီအချိန်က ဂျွန်ဟာအွန်းဖြစ်လာခဲ့သည်။
.....

"အမေ.."

"အေး ဘာလဲသမီးလေး"

ယောက္ခမခွာကျွေးတဲ့ လိ‌မ္မော်သီးစိတ်လေးကို
စိတ်ပြေနှပ်ပြေစားရင်း ဆိုဖာပေါ်အခန့်သားနှပ်နေတဲ့ ဟာအွန်းလေး ကို ယောက္ခမက အိမ်မှာတစ်ပတ်တိတိခေါ်ထားသည်။

"ဂျောင် ..က တစ်ပတ်တောင်ရှိပီ ဖုန်းလေးဘာလေးမဆက်ဘူးလား"

" ဆက်ပါ့အေ ငါ့ဖြင့်နားတွေငြီးလွန်းလို့"

စားလက်စကို ပါးစပ်ထဲပစ်ထည့်လိုက်ကာ
အမေ့ရှေ့ မှေးတစ်ဖက်ထောက်ပြီး မသိမသာလေးစပ်စုလာတဲ့ ချွေးမလေး အိမ်ပြန်ချင်နေပီနဲ့တူတယ်။

"ဘာတွေပြောသေးလဲ"

"သမီး အိမ်ပြန်လာချင်ရင် အသာတကြည်လွှတ်လိုက်ပါတဲ့ ငါ့သမီးသဘောကရော"

"သမီး မပြန်ဘူးနော်၊ အမေ့ သားက ဆိုးတယ်"

"အမေ့သား ဆိုးတာ သိပါတယ်ကွယ် အဲ့တာဆိုမပြန်နဲ့တော့နော် ဒီမှာဘဲ အမေနဲ့တသက်လုံးနေ"

"ဟင်..အဲ့တာကျ"

"ပြန်ချင်တယ်မို့လား..မူမနေပါနဲ့ သားကို ဖုန်းဆက်ပေးမယ်လေ"

"ဟာ..မဆက်နဲ့ အဲ့လူကြီးအိမ်မှာ မနေချင်လို့ အမေနဲ့လာနေတာပါဆို"

နှုတ်ခမ်းဆူပြီး ကလေးချွဲကြီးလုပ်နေတဲ့ ချွေးမလေးကို ဟင်းရွက်ခြွေရင်း ဆုအီ ထိုင်ကြည့်နေရင်း သနားမိသလိုချစ်လဲချစ်သည်။
သားဖြစ်သူဆိုးတဲ့အပေါ်မှာ ဒီလောက်ထိသီးခံပြီးပေါင်းရှာတဲ့ ကလေးလေး ၊စိတ်ဆိုးစိတ်ကောက်ပြီ ရန်ဖြစ်ကြပီဆို ပြေးလာစရာနေရာဆိုလို့ သူမထံသာလာစရာရှိသည်။

🄷🄾🄼🄴{Sᴇᴀsᴏɴ1}Where stories live. Discover now