🖤2🖤

1.2K 142 26
                                    

Unicode

ဒီညနေအတွက် အလုပ်တွေက မပြီးပြတ်သေးပေမဲ့ မနက်ကကိစ္စကြောင့် အိမ်သူလေးရဲ့မျက်နှာဟာ သိသိသာသာ ပျက်ယွင်းနေတာမို့လို့ Hotal တစ်ခုမှာDinner dateဖို့စီစဉ်ခဲ့တယ်။

"ဘယ်လောက်တောင်ကြည့်ရဆိုးလိုက်လဲ"

မှန်ပေါ်မှာမြင်နေရတဲ့ မိမိပုံရိပ်ကိုကြည့်ပီး အားမလိုအားမရဆိုမိတယ်။လူတစ်ကိုယ်လုံးဘယ်လောက်ဘဲ လှပအောင်ပြင်ထားဆင်ထားပါစေအုံး ဝှီးချဲကြီးနဲ့ဘယ်လောက် သရုပ်ပျက်လိုက်သလဲ။

"‌အချစ် အဆင်သင့်ဖြစ်ရင်သွားကြမယ်"

"ဂျောင်..အပြင်မှာDateမှရမှာလား ဒီလိုပုံစံမျိုးနဲ့တော့ မသွားပါရစေနဲ့"

"ဒီလိုပုံစံနဲ့မသွားချင်ရင်...."

"ဘာလုပ်တာလဲ ပြန်ချပေး"

"အချစ်က ဝှီးချဲနဲ့မသွားချင်လို့မို့လား ဒါကြောင့် ကိုယ်ကပွေ့ချီသွားမှာလေ"

"မလုပ်ပါနဲ့ လူမြင်မကောင်း‌အောင်"

"အိုက်ဂူး အိမ်သူလေးက ပေါ့လိုက်တာ အစားများများကျွေးရမယ်"

ပြန်ချပေးဖို့ ဘယ်လိုမှပြောမရတဲ့အဆုံး သူ့စေလိုရာအတိုင်းသာ လိုက်ပါလာရတယ်။

အိမ်ပေါ်ထပ်ကဆင်းလာတဲ့ ထိူသူတို့နှစ်ယောက်ကို အိမ်အကူမလေးတွေက ဝိုင်းကြည့်နေကြတော့ ဟာအွန်းမှာရှက်လွန်းလို့ခေါင်းမဖော်နိုင် ၊ဒါကိုသိတဲ့ ဂျောင်ကုက ချောင်းတစ်ချက် ဟန့်လိုက်တော့ အားလုံးအသီးသီးသူ့နေရာသူ ပြန်သွားကြသည်။

ကားနှစ်စီးရှိသည့်အနက် ရုံးကိုသွားနေကြ BMW အနက်ရောင်ကားမဟုတ်ဘဲ သူတို့နှစ်ယောက်ထဲအတွက်သီးသန့်ဝယ်ထားတဲ့ မီးခိုးရောင် Malibu(ကားအမျိုးအစား)ကိုသာ ရွေးချယ်ပြီး ကြယ်ငါးပွင့်ရ Hotal Restaurant ဆီကိုသာမောင်းနှင်လာခဲ့တယ်။

"အချစ် ကိုယ်တို့မ Dateဖြစ်တာတောင် ကြာပီနော်"

အမဲသားမကြိုက်တဲ့ အိမ်သူလေးအတွက်
ဝက်သား steakကို သေသေချာချာ လှီးဖြတ်ပေးရင်း စကားဆိုတယ်။

"ရပီ များများစား"

"ဂျောင်.."

"အင်းပြောလေ"

🄷🄾🄼🄴{Sᴇᴀsᴏɴ1}Where stories live. Discover now