🖤13🖤

774 92 2
                                    

Unicode

"စီနီယာက သီချင်းဆိုတာလဲရတာဘဲလား"

"ဒါပေါ့ Eunအတွက်ဘဲဟာ၊ပိုးပန်းနေတဲ့ကောင်မလေးကိုရဖို့ ကိုယ်ကအများကြီးလေ့ကျင့်ခဲ့ရတာ"

"ဟုတ်ပါပီ ဟုတ်ပါပီ"

"ဒါဘဲလား"

"ဟင်"

"များကြီးပင်ပန်းထားတာနော် အဲ့တာကြောင့်popoပေး"

"Noပါ အခုမဟုတ်သေးဘူး"

"ဟွန့်"

"ပြောပါအုံး ဒီနှင်းဆီတွေအကြောင်း"

"အဖြူနဲ့အနီရောင်ရောထားတာက ခွင့်လွှတ်ပေးဖို့အဓိပ္ပာယ် ငါးပွင့်ကတော့ သီချင်းနဲ့‌လိုက်အောင်"

"အိုမို နှင်းဆီဆရာကြီးဘဲ"

"လေ့လာထားရတာပေါ့ ဘယ်လိုလဲကြွေသွားတယ်မို့လား"

"ဟုတ်မှာပါ ရှေ့တုန်းကကောင်မလေးတွေကိုလဲဒီလိုလဲ ပိုးပန်းခဲ့တာနေမှာ"

"မဟုတ်တာဗျာ သူတို့က စိတ်ထဲကိုမရှိဘူး
လွယ်လွယ်ရ‌လို့ တွဲလိုက်တာဘဲ"

"လူဆိုးဘဲ ကြိုပြောထားမယ် Eun ကလွဲရင် နောက်ထပ်ဘယ်သူကိုမှမချစ်ပါနဲ့"

"အမိန့်တော်အတိုင်းပါ"

"ဟွန့် ကြည့်ကြသေးတာပေါ့"

ကိုယ့်အရှေ့မှာ သူဘယ်လိုလူတွေနဲ့ဘဲ တွဲခဲ့ တွဲခဲ့ အတိတ်တွေကိုလျစ်လျူရှု့‌ေပးမှာမို့အခုကစပြီး Eunတစ်ယောက်ထဲကိုဘဲကြည့်ပေးပါ ဂျောင်..

"ခဏနော် ပြန်လာခဲ့မယ်"

Vibrateမြည်နေတဲ့ ဘောင်းဘီအိတ်ကပ်ထဲက ဖုန်း contactကြည့်လိုက်တော့ "아버지"

"အာပါး"

"အိုမို ငါ့သားငယ် စကားမပြောဖြစ်တာတောင်ကြာပီ"

"လိုရင်းကိုပြောပါ"

"အဟမ်း ဒါဆို အရင်ဆုံး အဖေထပ်လက်စောင်းထက်တဲ့ သားကိုချီးကျူးပါတယ် ဒါပေမဲ့ မင်း သားအကြီးနဲ့ငြိမယ်နော်"

"ကိုယ်ဇာတ်ကိုယ်နိုင်အောင် ကမှာမို့ စိတ်ချပါ"

"အဲ့တာဆိုလဲပြီးတာဘဲ သားနှစ်ယောက်ထဲက ဘယ်သူ့ကြောင့်အဲ့မိန်းကလေးကို ချွေးမတော်ရမလဲ ရင်ခုန်စွာနဲ့စောင့်နေပါတယ်"

🄷🄾🄼🄴{Sᴇᴀsᴏɴ1}Wo Geschichten leben. Entdecke jetzt