🖤18🖤

964 119 23
                                    

Unicode

နောက်တစ်နေ့မနက် ဂျောင်ဂုရုံးကိုသွားပြီး ခဏအကြာ ခြံထဲသို့ဝင်လာသော
ကားတစ်စီးက ဂျောင်ဂုအဖေက
ဟာအွန်းကို ခေါ်ဖို့လွှတ်လိုက်တာကြောင့်
ရောက်လာခဲ့သည်.

"အခုလာခေါ်တဲ့ကိစ္စကို သခင်လေးကိုလျို့ဝှက်ထားဖို့ သခင်ကြီးကတောင်းဆိုထားပါတယ်"

ဂျောင့်အဖေရဲ့ ငယ်သားတွေထဲတစ်ယောက်‌ဖြစ်ဟန်ရှိသူရဲ့ လေသံကလုံးဝ မာထန်နေကာ တည်တန်းနေ‌ေသာမျက်နှာထားကြီးက
ဟာအွန်းကိုယ်လေးကို ကျုံ့သွားစေသည်။

မခေါ်စဖူး အခေါ်ထူးပြီး တစ်ခါမှ မမြင်ဘူးတဲ့လူတစ်ယောက်အိမ်ကို သွားရမှာတော့ ဘယ်လောက်ဘဲ ချွေးမနဲ့ ယောက္ခထီးတော်စပ်ပါစေအုံး သူစိမ်းဘဲမို့ အဖော်လေးရအောင် ချောင်းချာကို ခေါ်လို့မလားမှတ်တယ်

"လိုက်ခဲ့ပါမယ် ဒါပေမဲ့ ကျွန်မတစ်ယောက်ထဲကျအဆင်မပြေဘူး ချောင်းချာကို ခေါ်ခဲ့လို့ရမလား"

"မရပါဘူး မမလေးကိုဘဲ ခေါ်ဖို့လွှတ်လိုက်တာပါ"

ဟောက်စား လုပ်နေသော‌လူကြီးမျက်နှာကို တည့်တည့်တောင်မကြည့်ရဲတဲ့အဖြစ်။
အသာနေ ငါ့ယောင်္ကျားပြန်လာမှ တိုင်ပစ်မယ်လုပ်ရအောင်လဲ ဖုံးထားခိုင်းတဲ့ကိစ္စဆိုတော့အသာကုပ်နေရမှာပေါ့။

"ဟုတ်ကဲ့"

"သွားရအောင်ပါ"

ယောင်္ကျားကဖူးဖူးမှုတ်ချစ်တယ်ဆိုသော်ငြား လူ့အသိုင်းအဝိုင်းနဲ့ပတ်သက်ရတဲ့အခါ ကိုယ်ကလက်ရှိမှာ ဆွေမရှိမျိုးမရှိတဲ့ တစ်ကောင်ကြွက်၊ဘာမှကျောထောက်နောက်ခံကောင်းကောင်းလဲမရှိတဲ့အပြင် ပိုဆိုးတာက လမ်းတောင်သူများအကူမပါရင် မရွေ့နိုင်တဲ့သူ။

မျက်နှာငယ်တာပေါ့ ဆွေကြီးမျိုးကြီးမိသားစုက ဆင်းသက်လာတဲ့ သူနဲ့ပတ်သက်မိခဲ့တော့
သူ့အသိုင်းအဝိုင်းက ငါလိုလူမျိုးကိုဘယ်လေးစားတော့မလဲ။သူတို့အမြင်မှာ ပျော့ညံ့တဲ့မိန်းကလေးတစ်ယောက်အပြင်မပိုခဲ့ဘူး။

တော်တော်ဝေးတဲ့ ခရီးတစ်ခုကိုနှင်အပြီးမှရောက်လာသော အိမ်ကြီးက ဂျောင့်အဖေ့ရဲ့ ချမ်းသာမှုကိုပြသည်။ ခြံထဲဝင်လိုက်တာနဲ့ ရေပန်းတစ်ခုကိုအလယ်တည်ပြီး ဘေးပတ်လည်မှာ ပန်းခြံပေါင်းဘယ်နှစ်ခုရှိလဲတောင်မသိဘူး။

🄷🄾🄼🄴{Sᴇᴀsᴏɴ1}Where stories live. Discover now