AWY-29

640 47 7
                                    

"ဂိုဏ်းအပြင်ဘက်မှာ ဓားဒဏ်ရာတွေနဲ့...သွေးတွေလည်း အများကြီးဘဲ..."

"ဘာ..."

ဂိုဏ်းသားတစ်ယောက် ပြောလာတဲ့စကားကြောင့် ငယ့် လက်ကိုဆွဲကာ ဂိုဏ်းရှေ့ကို ပြေးထွက်ခဲ့လိုက်၏။ချင်းချင်းနီ​နေတဲ့ သွေးအိုင်ထဲမှာ လဲနေတဲ့ Gun Smile ရဲဲ့ ခန္ဓာကိုယ်။

"Gun Smile...Gun Smile..."

"ခေါင်းဆောင်...သတိထားပါအုံး...ခေါင်းဆောင်ရာ..."

"ဘယ်သူလုပ်တာလဲ ငါတို့ခေါင်းဆောင်ကို ဒီလိုဖြစ်အောင် လုပ်တာ ဘယ်သူလဲ..."

လှုပ်နှိုးနေပေမယ့် ဘယ်လိုမှ မနိုးတော့...ဘေးနားက ဂိုဏ်းသားတွေလည်း ကြိတ်မနိုင်ခဲမရဖြင့် ဒေါသတွေ ထွက်နေကြတော့၏။Bright လည်း ထူပူနေပေမယ့် မျှော်လင့်ချက်ရေးရေးလေးဖြင့် Gun Smile ရဲ့လက်ကောက်ဝတ်ကို ကိုင်ပြီး သွေးခုန်နှုန်းစမ်းကြည့်တော့ အနည်းငယ်မျှ ခုန်နေသေးတာကြောင့် ဝမ်းသာသွားရ၏။

"ကား...အဆင်သင့်ပြင်...နှလုံးခုန်နေသေးတယ်..."

အဆင်သင့်လုပ်ထားတဲ့ ကားပေါ်ကို Gun Smile ကို ပွေ့ချီတင်ပြီး Win တို့နှစ်ယောက်လုံး တက်လိုက်ကြ၏။အသက်ကိုကယ်ဖို့ဘဲ အရေးကြီးတာကြောင့် ကျန်တဲ့ကိစ္စတွေ မလုပ်နိုင် Gun Smile ကို သူတို့ရအောင် ပြန်ကယ်မည်။

"အဖွဲ့ခေါင်းဆောင်တွေကို အကြောင်းကြားလိုက်...."

"ဟုတ်ကဲ့ ဂိုဏ်းချုပ်..."

"ဘယ်သူ့လက်ချက်လဲ ဆိုတာ သေချာစုံစမ်း..အားလုံးဂရုစိုက်ကြ..."

"ဟုတ်ကဲ့ ဂိုဏ်းချုပ်...."

ဂိုဏ်းချုပ်လေးဟာ တည်တည်ငြိမ်ငြိမ်နဲ့ အမိန့်တွေပေးနေပေမယ့် မျက်ခုံးလေး အနည်းငယ်တွန့်ချိုးနေပုံထောက်ရင်တော့ သူ့ဂိုဏ်းသားတွေကို ဘယ်လောက်ထိ စိတ်ပူနေလဲဆိုတာ Bright ရိပ်မိလိုက်၏။

"ငယ်...ဘာမှမဖြစ်ဘူးနော်..."

"အင်း..."

ဂိုဏ်းချုပ်ဟာ ရှေ့တင်မှာ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတတ်ပေမယ့် အရေးကြုံလာရင် သူ့ကိုယ်သူထက် ဂိုဏ်းသားတွေကို ပိုပြီး စိတ်ပူတတ်တဲ့သူဖြစ်၏။ဆေးရုံရောက်တာနဲ့ အရေးပေါ်အခန်းထဲ တန်းပို့ပြီး ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် Gun Smile ကို ရအောင်ကယ်ဖို့ မှာလိုက်၏။ဂိုဏ်းချုပ်နှစ်ယောက်လုံးမှာလည်း သွေးတွေ စွန်းပေလို့...။

Always With You (Completed)Where stories live. Discover now