AWY-11

670 46 4
                                    

"ငါ ကျောင်းဆက်မတက်တော့ဘူး..."

"ဘာဖြစ်လို့လဲ..Bright..."

"ငါ ဒီအပေါ်မှာဘဲ အားစိုက်ချင်တယ်..အခုက တစ်ခုခုဆို ဂိုဏ်းချုပ်က ဖြေရှင်းနေရတာ..ငါ့ စိတ်ထဲ အဆင်မပြေတော့ဘူး..."

ဟုတ်တာပေါ့...Bright Vachirawit ဆိုတာ ဟိုးတုန်းထဲက သူအတော်ဆုံး သူအတက်ဆုံးလို့ ကြွေးကြော်ထားတဲ့သူလေ..အဲ့လိုလူက သူ့ဂိုဏ်းသားတွေ အခက်အခဲဖြစ်နေတာကို ထိုင်ကြည့်နေရတာ ဘယ်လောက် ခက်ခဲလိုက်မလဲ...။

"မင်း မတက်ရင် ငါတို့လည်း မတက်ဘူး..."

"မရဘူး...Foei..."

ဒီစကားကိုက Bright တို့သုံး​ယောက်လုံး အော်ပြောလိုက်တာ။

"မရဘူး..မင်းက ကျောင်းဆက်တက် Foei..ရှေ့နေဖြစ်ချင်တာ မင်းရည်မှန်းချက် မဟုတ်လား..."

"Mike နဲ့ Gun Smile ကရော..."

"ငါတို့ကို လာပူမနေနဲ့ Bright နဲ့ အတူတူဘဲ..."

"မင်းတို့ကလည်း...ငါ့ကို တစ်ယောက်ထဲ ထားခဲ့မှာလား..Gun Smile ကူ​ပြောအုံး..."

"မင်းကလည်း ကျောင်းတက်ချိန်ကလွဲရင် ကျန်တဲ့အချိန် ငါတို့နဲ့ တွေ့ရမှာဘဲကို..."

"အာ..Gun Smile...မရဘူး..."

"ကဲ..Foei ကလေးလို ဂျီမကျနေနဲ့...ငါတို့ဆုံးဖြတ်ပြီးပြီ..."

"Win တို့ကို ပြောပြီးပြီလား..."

"နောက်မှ ပြောလိုက်မယ်..."

Brightတို့က တကယ်ဆုံးဖြတ်ချက် ချပြီးတဲ့ ပုံစံ၊ အိမ်ကို ဘယ်လိုဖြေရှင်းမှန်း မသိသေးပေမယ့် Win တို့ လက်နက် မှောင်ခိုသွင်းဖို့ အဆက်အသွယ်ရှာနေထဲက ကျောင်းထွက်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပြီး Foei ကိုတော့ ကျောင်းဆက်တက်စေသည်။ပြဿနာရှိတာက Mike နဲ့ Gun Smile ကျောင်းထွက်ပြီး အပြင်ထွက်မယ့်ကိစ္စကို Phi Min က လက်ခံမှာ မဟုတ်သလို Top Tap ကလည်း ထိန်းလို့ရမှာမဟုတ်။ဒါပေမယ့် Bright ကိုတော့ ကျောင်းထွက်မယ်လို့ ပြောပြီးနေပြီ ဖြစ်၏။ခိုင်လုံတဲ့ အကြောင်းပြချက်ပေးရင်တော့ လက်ခံလောက်မှာပါ...။

****

"Metawin...ထိုင်စမ်းပါအုံး..."

"ကျွန်တော် မအားဘူး ဒယ်ဒီ..."

Always With You (Completed)Hikayelerin yaşadığı yer. Şimdi keşfedin