AWY-27

764 52 16
                                    

နာမည်ကြီး လက်ဝတ်ရတနာဆိုင်ရှေ့ကို ကားတန်းကြီး ထိုးရပ်လာ၏။Black suit ဝတ်ထားတဲ့ လူတွေက ဘယ်ညာတန်းစီနေရာယူပြီး ခေါင်းငုံကာ ရပ်နေကြ၏။ကားတံခါးကို ဖွင့်လာကာ ဆင်းတဲ့ လေးဦး။ထိုလေးဦးကလည်း Black Suit တွေကို ဝတ်ဆင်ထားပြီး ကိုယ်စီအရှိန်အဝါတွေက တောက်ပလျက်ရှိနေ၏။

"White Dragon ကဘဲ ကြွပါရှင်...ကြွပါ..."

"ငါ့ကို ဘယ်ကိုခေါ်လာတာလဲ..."

"လာပါ ငယ်ရဲ့..."

Mask တပ်ထားပြီး ဖြူဝင်းတဲ့ အသားအရည်နဲ့ ဆံပင်တွေကို နဖူးတွေပေါ်တဲ့အထိ လှန်တင်ထားတဲ့ ကောင်လေးကို ချောမောပြီး တည်ကြည်ခန့်ညားတဲ့ ရုပ်ရည်ပိုင်ရှင် ကောင်လေးက ခါးကနေဖက်ရင်း ချော့မော့ ခေါ်နေသည့်ဟန်။သူတို့နောက်က အရပ်ရှည်ရှည်နဲ့ကောင်လေးကလည်း သူ့နဲ့အရပ်ကွာတဲ့ ကောင်ချောလေးကို ငုံကာ ပြုံးပြရင်း ပုခုံးဖက်ကိုခါ ဆိုင်ထဲသို့ လိုက်ပါလာ၏။

"Vachirawit လူတွေရှေ့မှာ..."

"ကိုယ့်ဂိုဏ်းချုပ်လေးက ဘာတွေရှက်နေတာလဲ လာပါ...ကိုယ်ရှိနေတာကို..."

ပြောကာမှ ပိုတိုးလို့ဖက်ကာ သူ့နားကိုတောင် ဆွဲကပ်လိုက်သေး၏။mask တပ်ထားတဲ့ သူ့ကို ကြည့်ကြသလို mask မတပ်ထားတဲ့ Vachirawit ကို ပိုလို့တောင် ကြည့်ကြသေးတာ...နာမည်ကြီးဆိုင်ဖြစ်သလို ဝန်ထမ်းတွေကလည်း အကုန်အချောအလှတွေချည်း....။

"ဘာပြပေးရမလဲ...ဘာကြည့်ချင်လဲ မသိဘူးရှင့်..."

"လက်စွပ်...အဆင်ပြေမယ့် ပစ္စည်းလေးတွေ ပြပေး..."

"ဟို propose ring လား marry ring လား မသိဘူးရှင့်..."

"အဲ့လိုတွေ မဟုတ်ဘဲနဲ့ တစ်ခြား အဓိပ္ပါယ်ရှိတာလေးတွေ မရှိဘူးလား..."

"ဟုတ်ကဲ့ ပြပေးပါမယ်နော်..."

ဆိုင်က ဝန်ထမ်းလေးတွေကို မေးနေတာတောင် ခါးဖက်ထားတာကို မလွှတ်...။ Vachirawit တို့ ဒီနေ့ ပြောရခက်နေပါလား...။

"Win...ငါတို့နှစ်ယောက်ကိုလည်း ဝယ်ပေး..."

ဘေးနားက စုံတွဲကလည်း ကုန်းဆင်းဖို့ ကြံတာကြောင့် Win လည်း ခေါင်းဘဲ ညိတ်ပြလိုက်၏။အကုန်လုံး Vachirawit ရှင်းလိမ့်မယ်...။

Always With You (Completed)Where stories live. Discover now