AWY-7

623 37 4
                                    

"သားတို့ Mike နဲ့ Gun Smile ဂေဟာမှူး ရုံးခန်း ခဏလာပါအုံး..."

"ဟုတ်ကဲ့..."

ကျောင်းသွားဖို့ ပြင်ပြီးတဲ့အချိန် လာခေါ်တာမို့ အသေးလေးကိုပါ ရုံးခန်းထဲကို ခေါ်သွားလိုက်သည်။ရုံးခန်းထဲမှာ ရောက်တော့ Phi Min ကိုပါ တွေ့လိုက်ရသည်။

"ကဲ သားတို့ ထိုင်ကြ..."

"ကျောင်းသွားဖို့တောင် ပြင်ပြီးကြပြီ သုံးယောက်လုံး..."

"ဟုတ်ကဲ့ Phi..."

"ကျောင်းချိန်နီးပြီဆိုတော့ မြန်မြန်ဘဲ ပြောလိုက်တော့မယ်...ဆရာက သားတို့နှစ်ယောက်ကို မွေးစားဖို့ ခွင့်တောင်းတယ်...Top Tap လေးကလည်း သားတို့နဲ့ အတူတူနေချင်တယ်ဆိုပြီး ဂျီကျနေတယ်တဲ့ အဲ့ဒါ သားတို့ ဘယ်လိုသဘောရလဲ..."

"ဟို...သားတို့နှစ်ယောက်လုံးလား..."

"ဟုတ်တယ်သား..နှစ်ယောက်လုံးက လက်ဝှေ့သင်တာကို စိတ်ပြင်းပြနေတယ်လို့ ကြားထားတယ်..ပြီးတော့ မင်းတို့နှစ်ယောက် ခွဲပြီးနေချင်ကြမယ် မထင်လို့..."

"သားတို့သွားရင် ဂေဟါက ညီလေးတွေ ညီမလေးတွေ... "

"သူတို့အတွက် မပူပါနဲ့...ကျောင်းပိတ်ရက်ကျ လာပြန်လည်ပေါ့...နှစ်ယောက်လုံး..."

"ဟုတ်ကဲ့..."

Mike နဲ့ Gun Smile တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိ၏။ ပိုကောင်းတဲ့ နေရာကို သွားရမှာ သိပေမယ့် ငယ်ငယ်လေးထဲကနေလာတဲ့ ကိုယ့်အိမ်လို ဖြစ်နေတာကြောင့် ခွဲပြီး မသွားချင်။

"သားတို့စိတ်ကို ဆရာ နားလည်တယ်..သေချာစဥ်းစားကြအုံးပေါ့..ဆရာကလည်း Top Tap လေး စိတ်မကောင်း ဖြစ်မှာစိုးလို့...ပြီးတော့ သားတို့ကလည်း ကလေးရဲ့ အသက်သခင် ကျေးဇူးရှင်တွေမှတ်လား..."

"အဲ့လိုကြီးတော့ မတွေးပါနဲ့..ဆရာ..ကူညီသင့်လို့ ကူညီခဲ့တာပါ...ဒီနေ့တော့ စဥ်းစားခွင့်ပြုပါအုံး..."

"အင်း...သားတို့ သေချာစဥ်းစားပါ..မေမေကြီးကတော့ သွားစေချင်တယ်ကွယ်...ဒီမှာထက် ဆရာဆီမှာဆို သားတို့ ပိုပြီး တိုးတက်မှာ..."

"ဟုတ်ကဲ့ မေမေကြီး..."

ဂေဟါမှူးကို အကုန်လုံးက မေမေကြီးလို့ ခေါ်ကြတာဖြစ်ပြီး သူတို့ ချစ်ကြောက်ရိုသေရတဲ့ သူလည်း ဖြစ်၏။ ခဏတာဘဲ ဖြစ်ဖြစ် တစ်ဘဝစာဘဲ ဖြစ်ဖြစ် လာရောက်ခိုနားတဲ့ သူတွေကို သူ့မေတ္တာတွေနဲ့ နွေးထွေး​စေ သူလည်း ဖြစ်၏။မိဘမဲ့နေတဲ့ ကလေးတွေမို့ ဂေါဟာမှူးကိုဘဲ အမေလိုတစ်မျိုး အဖေလိုတစ်မျိုး ရိုသေကြတာဖြစ်၏။အခုလည်း သားနှစ်ယောက်ကို ထည့်သာထည့်ပေးလိုက်ချင်တာ စိတ်ထဲမကောင်း။ ကိုယ့်သားသမီးလိုဘဲမို့ ရင်ခွင်ထဲက ဆွဲထုတ်သွားသလို ခံစားရပေမယ့် သူတို့ဘဝလေးတွေ ကောင်းစားသွားမယ့်အရေးမို့ ဝမ်းနည်းပေမယ့် ပီတိဖြစ်ရ၏။ ထွက်သွားပြီးမှ ဂေဟါကို ပြန်ထောက်ပံ့တဲ့ သူတွေလည်း ရှိသလို၊ စာမလာ သတင်းမကြားရတဲ့ သူတွေလည်း ရှိပေမယ့် သူတို့လေးတွေ ကောင်းစားနေတာ မြင်ရင် အမေအရင်းမဟုတ်တဲ့ သူ့မှာ ဝမ်းသာရတဲ့ အဖြစ်။အခုလည်း ဒီကလေးနှစ်ယောက်က ငယ်စဥ်ထဲက နေလာတဲ့ သူတွေမို့ ထွက်သွားဖို့ ချီတုန်ချတုန်ဖြစ်နေမှန်း သိ၏။ သွားလိုက်ပါ ကလေးတို့ရေ... တောင်ပံတွေဖြန့်ပြီး အမြင့်ဆုံးကို ပျံသန်းကြည့်လိုက်...မင်းတို့နဲ့ ထိုက်တန်တဲ့ နေရာတစ်ခုတော့ ရလာမှာပါ...။

Always With You (Completed)Όπου ζουν οι ιστορίες. Ανακάλυψε τώρα