AWY-14

733 49 13
                                    

"ဒုဂိုဏ်းချုပ်ရော..."

"မသိ..မသိပါဘူး ဂိုဏ်းချုပ်..."

အေးစက်မာကြောနေတဲ့ လေသံနဲ့အတူ မျက်နှာအပြည့်မမြင်ရဘဲ အေးစက်စက်အငွေ့အသက်တွေ လွှမ်းခြုံနေတဲ့ ဂိုဏ်းချုပ်ကြောင့် ပြန်ဖြေသူမှာ အထစ်ထစ် အငေါ့ငေါ့...။

"ဟို...ဒုဂိုဏ်းချုပ်ကို လေ့ကျင့်ရေးကွင်းဘက်မှာ တွေ့ခဲ့ပါတယ်...ဂိုဏ်းချုပ်...."

"Ok..."

မနက်မိုးလင်းလို့ နိုးလာထဲက အနားမှာ ရှိမနေတဲ့အပြင် လိုက်ရှာနေရတာ...ကိုယ့်ကိုကျ မျက်နှာကို ဖုံးကွယ်ခိုင်းထားပြီး သူကကျ လွတ်လွတ်လပ်လပ် သွားချင်ရာ သွားနေတာကြောင့် စိတ်အချဥ်ပေါက်လာ၏။စိတ်တိုတိုနဲ့ ဖုံးကွယ်ထားတဲ့ ပုဝါစကို ဆွဲဖယ်ကာ လွှင့်ပစ်ရင်း သူရှိရာ လေ့ကျင်းရေး ကွင်းသို့..metawin တဲ့..ဒီလိုတော့ လာမစမ်းနဲ့...။ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ကာ လျှောက်သွားတဲ့သူက ဘေးဘီကိုလည်း မကြည့်မိ။သူလာနေတာကြည့်ပြီး ခပ်ဆူဆူထွက်လာတဲ့ အသံတွေကြောင့် မျက်နှာထားကို တည်ကာ စိုက်ကြည့်ပေးလိုက်တော့ အယောင်ယောင်အမှားမှားနဲ့ ရေသောက်တဲ့သူက သောက်....သေနတ်တွေ ထဆွဲတဲ့ သူက ထဆွဲဖြင့်. ကယောင်ကတမ်းတွေ လုပ်ကုန်ကြ၏...ဖြူလွလွ ခန္ဓာကိုယ်ပေါ် ရှပ်အင်္ကျီအဖြူရောင်နဲ့ အမဲရောင် plant တစ်ထည်က တန်ဖိုးကြီးမားတဲ့ ရတနာပစ္စည်းတစ်ခုဆင်မြန်းထားသလို တောက်ပလွန်းနေ၏။ပန်းနုရောင် နှုတ်ခမ်းသားတွေ၊ မျက်စံနက်နက်လေးတွေ ဖြူဖွေးနေတဲ့ အသားအရည်နဲ့ မြင့်မားသော ကိုယ်ဟန်က ဂိုဏ်းက ယောက်ျားသားတွေ မှင်သက်သွားရတဲ့အထိ...ဂိုဏ်းချုပ်အင်္ကျီကိုသာ လက်ကမကိုင်ထားရင် သူတို့ ရဲရဲတင်းတင်းငမ်းမိမှာ...တဆက်တည်း အမြဲတမ်း မျက်နှာကို ဖုံးခိုင်းနေတဲ့ ဒုဂိုဏ်းချုပ်ကို မြင်ယောင်လာချိန်မှာတော့ ဂိုဏ်းချုပ်ဘာကြောင့် ဒီလိုပုံ ဖြစ်နေရလည်း သဘောပေါက်သွားချေပြီ...။

"ဒုဂိုဏ်းချုပ်...ဒုဂိုဏ်းချုပ်...ဟိုမှာ ဂိုဏ်းချုပ်ကြီး လာနေတယ်..."

သေနတ်ပစ်လေ့ကျင့်နေရာက ဂိုဏ်းသားတစ်ယောက် သတိပေးလာတာကြောင့် လှည့်ကြည့်မိတော့ Vachirawit ဘုရားပါ တမိတဲ့အထိ။

Always With You (Completed)Место, где живут истории. Откройте их для себя