AWY-15

749 57 6
                                    

"ဒိုင်း...ဒိုင်း..."

"သတိထား...Meatwin..."

"သေနတ်ပေး ငါ့ကို...မင်း..မောင်း..."

ညနေခင်း နှစ်ယောက်သား ဆိုင်ကယ်လိုက်မောင်းနေရာက ဘယ်ကမှန်းမသိတဲ့ လူတွေ လိုက်လာပြီး သေနတ်နဲ့ လိုက်ပစ်ခံနေရတာ...။Bright ညနေခင်းတိုင်း ဆိုင်ကယ်စီးတတ်တာကို သိထားပုံရ၏။ Brightမှာလည်း နောက်က လိုက်ပစ်နေတာကြောင့် ဆိုင်ကယ်ကို အသားကုန်မောင်းရင်း ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရ၏။

"ပြန်မပစ်နဲ့...Win..."

"မပစ်လို့ရမလား...နောက်က အသည်းအသန်လိုက်ပစ်နေတာကြီးကို.."

Win က ပြောလည်းပြော..သေနတ်နဲ့လည်း ပြန်ပစ်နေ၏။ထိုစဥ် Bright က ရုတ်တရက် ဆိုင်ကယ်ကို ထိုသူတွေဘက် ပြန်ကွေ့ကာ ဘယ်ဘက်လက်နဲ့ သေနတ်နောက်တစ်လက်ကို ခါးကြားထဲကနေ ဆွဲထုတ်လိုက်၏။

"တစ်ခါထဲ ရှင်းလိုက်ရအောင်..."

ဆိုင်ကယ်ကို အရှိန်တင်ရင်း ထိုသူတွေထံ ဦးတည်ပြီး သွားလိုက်၏။ဒါကိုပင် Win က သဘောကျစွာ တဟားဟား အော်ရယ်၏။ဆိုင်ကယ်နဲ့ လိုက်ပစ်တဲ့ ကောင်တွေကလည်း ရုတ်တရက်ပြန်လှည့်လာတာမို့ ကြောင်အမ်းအမ်းတွေ ဖြစ်ကုန်၏။ဒါကိုဘဲ အခွင့်ကောင်းယူကာ Bright က ဘယ်ဘက်က ကောင်တွေကို ရှင်းပစ်ပြီး...Win က ညာဘက်က ကောင်တွေကို ရှင်းပစ်လိုက်၏။

"အာဟား...ဇ မရှိဘဲ လာလုပ်ချင်တဲ့ကောင်တွေဘဲ..."

"နေပါ..ဘယ်သူတွေလဲ သွားကြည့်မယ်..."

သေနတ်နဲ့ အပစ်ခံရတာကြောင့် ဆိုင်ကယ်တစ်ခြါး လူတစ်ခြါး မသာပေါ်ကုန်တဲ့ ကောင်တွေကို ဘယ်သူတွေလဲ သိဖို့ရာ ဆင်းကြည့်ရသေး၏။

"ထူးခြါးတာတွေ့လား Vachirawit..."

"ကိုယ် ကြည့်နေတယ်..."

Bright က ကိုယ်လို့ သုံးပြီး ပြောတာကြောင့် Win က အပြုံးနုနုလေး ခိုးပြုံး၏။

"အင်း...ဘာတွေ့လဲ..."

Win က ဆိုင်ကယ်ကို မှီထားရင်း လှမ်းမေး၏။

"ဒီတံဆိပ်က..."

"ပြကြည့်..."

"ရော့..."

Always With You (Completed)Όπου ζουν οι ιστορίες. Ανακάλυψε τώρα