AWY-8

632 38 2
                                    

"Win...Metawin..."

ညတိုင်းလိုလို ဖုန်းပြောတဲ့အချိန် ရောက်လာလို့ အခါတိုင်း Bright ကစဆက်လေ့ရှိပေမယ့် အခုကျ Win က အရင်ခေါ်လာ၏။သူခေါ်တဲ့ လေသံကို နားထောင်ပြီး ဘာဖြစ်နေတာလဲဆိုပြီး တန်းမေးတော့၏။

"တစ်ခုခုဖြစ်နေတာလာ Bright...?"

"ဟင်း...ဒီလိုပါဘဲ..."

"ငါ့ကိုပြောပြချင်လား..."

"ဟအင်း..ငါပြောပြလိုက်လို့ မင်း စိတ်ညစ်သွားမှာကို မလိုချင်ဘူး..."

"အင်း..အခုဘာလုပ်နေလဲ..."

"ခြေထောက်ထိထားလို့ ငြိမ်ငြိမ်လေး ထိုင်နေရတယ်..ခဏနေ အိပ်တော့မှာ..."

"ခြေထောက်က ဘယ်လိုထိ..."

"ကျောင်းရောက်ရင် ပြောပြမယ်..."

မေးတာကို မဖြေဘဲ သူ့ကို ပြန်မေးရင်း စကားလမ်းကြောင်း လွှဲပစ်၏။

"Win..."

"ဟင်..."

"အားလပ်ချိန်ကျ ဘာလုပ်ရတာ ကြိုက်လဲ..."

"ငါက Golf ရိုက်တယ် စကိတ်စီးတယ် ပြီးတော့ Dew တို့ Nani တို့နဲ့ ကစားတယ်...မင်းရော..."

"ငါလား ဘောလုံးကန်တယ်...Boxing ထိုးတယ်...ပြီးတော့ စာအုပ်ဖတ်တယ်..."

"Awww..."

"ဒါနဲ့ မင်း..."

"အင်း.."

"ငါ့အိမ်လာလည်ချင်လား..."

"ငါ..ငါ.."

"နေပါစေတော့..မင်းအိမ်က လွှတ်မှာ မဟုတ်ဘူး..."

"ပိတ်ရက် လာမယ်..."

"တကယ်လား....အာ့...."

"ဘာဖြစ်တာလဲ..."

"ဘာမှမဖြစ်ဘူး...ဟီး..."

"အိပ်တော့မယ်..Goodnight..."

"အင်း..Win...အိမ်မက်လှလှမက်ပါစေနော်..."

ပြောနေကျ စကားလေးပြောပြီးတဲ့ နောက်မှာတော့ Win ဘက်က ဖုန်းချသွား၏။လာမယ် မထင်တာကြောင့် ပြောနေရာမှ ပိတ်ရက်ကျ လာမယ်လို့ပြောတာကြောင့် အနာကို မေ့ပြီးထခုန်မိတာကြောင့် ခြေထောက်က ပြန်နာလာ၏။ဘာလို့ Win လာမယ်လို့ ပြောတာကို ဒီလောက်ပျော်နေရတာလဲ...ညနေကလည်း ပန်းနဲ့ နှိုင်းလိုနှိုင်း...။အင်း..Win က ဖြူဖြူဖွေးဖွေးနဲ့ ခင်ချင်စရာလေးမို့ ဖြစ်မှာပါလေဟု သူ့ဘာသာသူ တွေးကာ ဖြေသိမ့်လိုက်ရ၏။

Always With You (Completed)Where stories live. Discover now