AWY-Extra

1K 53 24
                                    

"ဂိုဏ်းချုပ်ရော "

"လေ့ကျင့်ရေးဘက်မှာ တွေ့ခဲ့တယ် ဒုဂိုဏ်းချုပ် ဟို ဘာတွေ စိတ်ဆိုးနေလဲ မသိဘူး "

ငါ့ကို စိတ်ဆိုးနေတာဟေး လို့ ပြောလိုက်ချင်ပေမယ့် ခေါင်းသာယမ်းပြလိုက်ရင်း ငယ် ရှိရာဆီ ခြေလှမ်းတွေ ဦးတည်လာခဲ့၏။သူ့မွေးနေ့မှာ Paris ကို သွားချင်နေတာ ငယ်က ။ Eiffel Tower ကို အလှဆင်ပြီး သူ့ကို ပြမလို့တဲ့လေ။ သို့ပေမယ့် သွားရမယ့်ရက် ကပ်လာလေလေ အလုပ်ကိစ္စတွေကလည်း မပြတ်၊ ဂိုဏ်းကိစ္စတွေကလည်း မပြီးနဲ့မို့ ဂိုဏ်းချုပ်လေးက ကြိုပြီးအောင် မလုပ်ဘူးဆိုကာ သူ့ကို ကောက်စိန်လုပ်နေတော့တာ ဖြစ်၏။

"ငယ် "

ခေါ်သံကြားတော့ တစ်ချက်လှမ်းကြည့်ပြီး ပြန်လှည့်သွား၏။အကာအရံမရှိတဲ့ မျက်နှာနုနုဟာ ချစ်စရာအတိ။ ဂိုဏ်းချုပ်မှာ ပိုင်ရှင်ရှိနေပြီမှန်း သိနေကြပြီမို့ အပြင်သွားတာကလွဲရင် မျက်နှာကို ဖုံးကွယ်ထားစရာမလိုတော့။

"ကိုယ်ခေါ်နေတယ်လေ ငယ် "

"ဒီနားမှာ ဘာငယ်မှ မရှိဘူး "

"ဟော "

"ဒီနားမှာ ဂိုဏ်းချုပ်နဲ့ လေ့ကျင့်ရေးလုပ်နေတဲ့သူတွေဘဲ ရှိတယ် "

"အဲ့ဒါဆို ကိုယ့်ငယ် မရှိဘူးပေါ့ ဒါဆိုလည်း ဟိုဘက် သွားရှာလိုက်ပါမယ် "

"Vachirawit!!! "

ဒုဂိုဏ်းချုပ်က ပြောပြီး လှည့်ထွက်ဟန်ပြုတော့ နောက်ကနေ ဆောင့်အော်သံကြောင့် ပြုံးလိုက်မိ၏။တကယ့်ဟာလေး။

"လာ ကိုယ့်ဆီ "

"မင်း လာခေါ် "

ဒုဂိုဏ်းချုပ်မျက်နှာ အပြုံးနုနုတို့ ဖြစ်ထွန်းသွားပြီး လေ့ကျင့်ရေးဆင်းနေတဲ့ ဂိုဏ်းသားတွေကို သူတို့ဘက်ကို လှည့်မနေဖို့နဲ့ စွေတောင်မကြည့်ဖို့ သတိပေးလိုက်၏။ခါးမှာ ထိုးထားတဲ့ သေနတ်ကိုပြကာ

"ကြည့်လာလို့ကတော့ ငရဲပြည်ကို Free ပို့ပေးမယ်! "

သူပြောလိုက်တော့ အကုန်လုံး ဟိုဘက်လှည့်သူကလှည့် မျက်လုံးမှိတ်တဲ့သူက မှိတ်ဖြင့် အလုပ်များကုန်ကြ၏။ အဲ့တော့မှ ငယ့်အနားကို လျှောက်သွားကာ ပွေ့ချီယူလိုက်၏။ နေတဲ့နေရာအထိ တောက်လျှောက် ပွေ့ချီခေါ်ခဲ့တော့ ငယ်က သူတို့အခန်းထဲအထိကို ငြိမ်ငြိမ်လေး လိုက်ပါလာ၏။အခုနောက်ပိုင်း မျက်စိအောက်က အပျောက်မခံအောင် အလိုလိုက်ထားခဲ့တော့ သူ့ကိုနည်းနည်းများ ပစ်ထားတယ်လို့ ထင်ရင် White Dragon ဂိုဏ်းချုပ်လေးတို့ အရမ်းတွေ ချွဲတော့တာဘဲ။ ဂိုဏ်းကိစ္စတော်တော်များများကို ဒုဂိုဏ်းချုပ်နဲ့ အဖွဲ့ခေါင်းဆောင်တွေက တာဝန်ကိုယ်စီ ခွဲဝေယူထားတာမို့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေမှသာ ဂိုဏ်းချုပ်က ဆုံးဖြတ်ပေးလေ့ရှိ၏။ဒါကြောင့်မို့ ဂိုဏ်းချုပ်ရဲ့ အလုပ်က Vachirawit ကို ချွဲရန်နှင့် စိတ်ကောက်ရန်သာ ရှိတော့၏။အခန်းထဲရောက်တော့ ပွေ့ချီလျှက်သား ထိုင်ခုံမှာဘဲ ဝင်ထိုင်လိုက်ရင်း ငယ့်တစ်ကိုယ်လုံးကို ထွေးကာဖက်ထားလိုက်၏။

Always With You (Completed)Where stories live. Discover now