Part(32)(End)

6K 142 7
                                    

✧ အချစ်...ဦး ✧

✧Part(32)-The End✧

ထက်ထက်ကျန်းမာရေး လုံးဝကောင်းလာသဖြင့်  ခွန်းရဲ့မိသားစုအိမ်ကိုသွားလည်ဖြစ်သည်။ အရင်က သူမကို ဘယ်လိုကြိုဆိုကြလဲမသိပေမဲ့ ယခုတစ်ခါမှာတော့ နွေးထွေးစွာကြိုဆိုကြပါသည်။

"မြေးတို့ရောက်လာပြီ...‌နွေးနွေး မြေးကိုသေချာတွဲခဲ့ "

"ဟုတ်ကဲ့သခင်မကြီး..."

နွေးနွေးက ကားပေါ်ကအမြန်ဆင်းကာ ရှေ့ဘက်ကို‌အပြေးသွားသည်။ သို့သော် ခွန်းက အနောက်ကရောက်လာကာ...

"နေ နွေးနွေး အစ်ကိုခေါ်ခဲ့မယ်..."

ခွန်းက နွေးနွေးကိုတွန်းဖယ်ပြီး ထက်ထက်ကိုပွေ့ချီလိုက်တာ ကလေးလေးလို။

ထက်ထက် လူကြီးတွေရှေ့မှာမို့ ရှက်သွားရသည်။

"မရှက်ပါနဲ့ ဒါကို ဘွားဘွားတို့နားလည်တယ်..."

"ဒါပေမဲ့လည်း..."

"ဘာမဖြစ်ဘူးဆို ကိုယ်အိမ်ထဲကိုခေါ်သွားပေးမယ်...နော် "

"အင်း "

ထက်ထက်ရှက်ပြုံးပြုံးရင်း ‌ခွန်းလည်တိုင်ကိုတွဲခိုကာ လိုက်လာခဲ့ပါသည်။

အထဲရောက်တော့ မီးဖိုခန်းကနေ ခွန်းမာမီထွက်လာသည်။ ပုံစံအရ သူမတို့လာမှာသိလို့ ကိုယ်တိုင်မီးဖိုထဲဝင်နေပုံရသည်။

"မြေးမာမီက သူ့မြေးနဲ့ချွေးမလေးအတွက် ကိုယ်တိုင်စီမံနေလေရဲ့ "

"ခဏနော် သားတို့ ဆယ့်ငါးမိနစ်ဆို ရပြီ ငါးပေါင်းထားလို့..."

"ဟုတ်ကဲ့ ‌မာမီ ဖြေးဖြေးလုပ်ပါ..."

မာမီက‌ပြောကာ အထဲကိုပြန်ဝင်သွားသည်။ အရင်ကဆို ထက်ထက်လာမှာကို မနှစ်မြိုလို့ အပေါက်ဝကနေ ဆူပူနေတဲ့မာမီက အခုတော့ ချွေးမအတွက် သေချာချက်ပြုတ်ပေးနေသည်။

"မြေး လာ ဖြေးဖြေးလျှောက်နော် ရေချိုးရင်လည်း အမြန်ချိုး လမ်းလည်းများများလျှောက်ပေး..."

"ဟုတ်ကဲ့ပါဘွားဘွား ထက်ထက်ဆရာဝန်ပြောတဲ့အတိုင်းသေချာလိုက်လုပ်ပါတယ်ရှင့်"

အချစ်...ဦး/အခ်စ္...ဦးWhere stories live. Discover now