Part(5)

2.4K 90 3
                                    

✧ အချစ်...ဦး ✧

✧Part(5)✧

The Heartစံအိမ်-ဈာပနာပွဲ

ဒေါ်သဇင်ထက်မသေဆုံးခင်နောက်ဆုံးတွေ့လိုက်ရသည့်သူက ထက်ထက်ဖြစ်နေလို့ အမေမဆုံးခင်သမီးဖြစ်သူကိုတွေ့လိုက်ရတယ်ဆိုပြီး ပတ်ဝန်းကျင်က တော်ပါသေးတယ်လို့တွေးနေပေမဲ့ မိသားစုဝင်ကတော့ ထိုသို့တွေးမှာမဟုတ်ပေ။

ဘာကြောင့်လဲဆိုရင် သမီးဖြစ်သူ ထက်ထက်က ‌ကြီးမားတဲ့အပြစ်လုပ်ထားလို့မဟုတ်လား။

အမေဖြစ်သူသေဆုံးမှုအတွက် ထက်ထက်ရလိုက်သည့်ဘွဲ့က...သမီးမိုက်ဆိုတဲ့ဘွဲ့ထူးကြီးပင်။

The Heartစံအိမ်ဝင်းအတွင်း လူလာလေ့မရှိသည့်နေရာတစ်ခုဖြစ်သည့် ပစ္စည်းအဟောင်းထားရှိသော ဂိုထောင်ဟောင်း၏‌နောက်ထောင့်မှာ ထက်ထက်တစ်ယောက်တည်းထိုင်နေ၏။

ရှေ့က ဘာမှမရှိသည့် ခြံတံတိုင်းကို ဒူးတုပ်ထိုက်ကာ ငေးကြည့်နေသည်။ မျက်နှာကလည်း အနည်းငယ်ညိုးနွမ်းနေ၏။ ငိုတော့မငိုသေးပါ။

"တောင်းပန်ပါတယ် မေမေ..."

မျက်ဝန်းထဲမှာ မနက်က မေမေ့မျက်နှာကိုပြန်မြင်မိလာကာ မျက်လုံးတို့စုံမှိတ်လိုက်သည့်အခါ မျက်ရည်တို့စီးကျလာသည်။

ကံကြမ္မာက အရမ်းကိုရက်စက်လွန်းသည်။ ခွန်းကိုရွေးချယ်လိုက်တာနဲ့ မေမေ့ကို တန်းဆုံးရှုံးရသည်။

"ထက်ထက်တောင်းပန်ပါတယ် မေမေ"

"ထက်ထက်..."

အသံကြောင့် သူမမျက်ရည်တွေကို ကပြာကလျာသုတ်လိုက်သည်။

"လျှံ..."

"ငိုချင်ရင် ငိုချလိုက်...ငါပုခုံးငှားပေးမယ် "

လျှံက သူမကိုမကြည့်ဘဲ ဘေးနားလာထိုင်ပြီး ထိုသို့‌ပြောပေးသည်။

သူမ လျှံပုခုံးပေါ် ခေါင်းတင်လိုက်သည်။ ဒီနေရာမှာ ခွန်းဆိုရင် ထက်ထက်ပိုအားရှိမှာပဲ။

"မတရားဘူး...မေမေ့မှာ ဘာအပြစ်မှမရှိဘဲနဲ့  ဘာလို့ ဒီလိုလုပ်ရတာလဲ...အဲ့ဒီအစား ငါ့ကိုစိတ်ဆိုးပြီး ထုရိုက်တာမှ တော်သေးတယ် စိတ်ဓာတ်မာတဲ့မေမေက ဘာလို့...ရုတ်တရက်ကကြီးဒီလိုလုပ်ရပ်ရတာလဲ ဟင့်!..."

အချစ်...ဦး/အခ်စ္...ဦးWhere stories live. Discover now