Introducing the characters...

9.6K 144 3
                                    

ရှင်ခွန်း & ခိုင်မြဲသထက်

ခွန်းသည် အသက်(၃၁)နှစ်အရွယ် Shin Group၏ ဒုဥက္ကဌဖြစ်သည်။ ရည်းစားဦး‌ကြောင့် အချစ်ကို ရင်ထဲမှာပဲသိမ်းဆည်းထားသူ။
အသက်အရွယ်နှင့်အလိုက် စီးပွါးရေးလောကမှာ အောင်မြင်ကျော်ကြားသူ။ ပြီးတော့ ကတိတစ်ခုကြောင့် ထက်ထက်ကိုအမြဲစောင့်ရှောက်ပေးသူ။

ခိုင်မြဲသထက်သည် The Heartရဲ့အသည်းကျော်လေး။ ပြီးတော့ ခွန်းကိုအသက်ငါးနှစ်ကတည်းက အရူးအမူးစွဲလမ်းတဲ့သူမ။ ခွန်းအတွက်ဆို အရာရာပွင့်လင်းသည်။ အသက်(၁၈)နှစ်သာရှိသေးပေမဲ့ followersသန်းချီရှိသော ဆယ်လီမိန်းကလေးတစ်ယောက်။

မထင်မှတ်ထားတဲ့စေ့စပ်ပွဲကြောင့် ခွန်းကို အဒေါ်ဖြစ်သူလက်ထဲထည့်ပေးရတော့မယ့်အချိန်မှာ ထက်ထက်ဖန်တီးလိုက်တဲ့အရာက!!!!

♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡

"ခွန်းစေ့စပ်ဖို့ကို ထက်ထက်ခွင့်မပြုနိုင်ဘူး "

"မင်းက ကိုယ့်အမေလား...အုပ်ထိန်းသူလား မင်းနဲ့မဆိုင်ဘဲ ဝင်မစွက်ဖက်နဲ့ "

♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡

"ထက်ထက် မင်းနဲ့ကိုယ် အသက်၁၂ကျော်ကွာတာရော သိသေးရဲ့လား စကားပြောရင် အချိုးမပြေဘူး...စိတ်ပူလို့ပြောနေတာကို ဘာလို့မဟုတ်တာတွေ စွပ်စွဲနေတာလဲ "

"စိတ်ထဲရှိတာပြောတာ...ငယ်ငယ်ကတည်းက ခွန်းကို သူငယ်ချင်းလိုပေါင်းလာတာ အစကတည်းကဒီအချိုးပဲ...အချိုးမပြေဘူးထင်ရင် ငယ်ငယ်ကတည်းကသင်ပါလား ဘာလို့အခုမှလာပြောလဲ...အကျင့်ဖြစ်နေပြီ "

♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡

"ခွန်းကို ထက်ထက်ချစ်တယ်...ဒါက ခွန်းလက်ထပ်ပွဲကို ဖျက်နိုင်တဲ့စကားပဲ "

"ဒီကမ္ဘာမှာ မင်းကိုအဖြူစင်ဆုံးချစ်နိုင်တဲ့သူကို ပြပါဆိုရင် ကိုယ်တစ်ယောက်တည်းရှိမယ်...အဲ့တာက ဖြူစင်တယ်...လုံးဝအရောင်မပြောင်းဘူး"

♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡

ရည်းစားဦးကြောင့် ခွန်းရဲ့သံချေးတက်နေတဲ့နှလုံးသားကို ထက်ထက်ပြန်ပြီးအသက်သွင်းနိုင်ပါ့မလား...

အချစ်...ဦး/အခ်စ္...ဦးWhere stories live. Discover now