Part(28)

2.4K 78 2
                                    

✧ အချစ်...ဦး ✧

✧Part(28)✧

ဆေးရုံအခန်းထဲမှာပဲနေရတာ ပျင်းလာ၍ ညနေပိုင်းဆေးရုံက ထွက်ကာ ဘေးနားက စူပါမားကတ်ဆီမုန့်ဝယ်ရန်ထွက်လာခဲ့၏။

စားချင်သည့်မုန့်တွေတန်းစီယူရင်း ဘေလ်ရှင်းရသည်။ မရှင်းမီသူမယူလိုက်သေးသည့်အရာက ဆေးစစ်တံတစ်ခု။

"ဒါတွေကိုတွက်ပေးပါ..."

ကျသင့်ငွေရှင်းကာ ဆိုင်မှထွက်ခဲ့သည်။
လမ်းလျှောက်ရင်းနဲ့ ခလုတ်တိုက်ပြီးလဲကျသည်။ ဒူးဆစ်ရောင်နေ၍ မထိန်းနိုင်ဘဲ လဲကျသွားတာဖြစ်သည်။

"အာ့..."

"မမရရဲ့လားဟင် "

‌ကြည့်မနေနိုင်သည့်ညီမလေးတစ်ယောက်က လူထူပေးသည်။

"ရတယ်ညီမလေး"

"ဒါနဲ့ မမက ခိုင်မြဲသထက်လားဟင်..."

"အင်းဟုတ်တယ် "

"ညီမလေးက မမရဲ့ဖန်ပါ မမရဲ့Life styleကိုအရမ်းသဘောကျတာပဲ "

"ကျေးဇူးနော် "

"မမကဆေးရုံတက်နေရတာလားဟင် ဆေးရုံဝတ်စုံကြီးနဲ့ "

ဒီလို ကိုယ့်ရဲ့ဖန်တွေ့လိမ့်မယ်မထင်တာကြောင့် အပေါ်ထပ်ပဲထပ်ကာ လာခြင်းဖြစ်သည်။ သူမ မျက်နှာကိုအပြုံးနဲ့ပန်ဆင်လိုက်ရင်း...

"အင်း ညီမလေး မမသွားတော့မယ်နော် ခဏနေ ဆရာဝန်နဲ့တွေ့ရဦးမှာ"

"ဟုတ်ကဲ့မမ ကျေးဇူးတင်ပါတယ် "

ပြဿနာကထိုမှာစသည်။ ဘယ်သူက သူမရဲ့ဆေးရုံဝတ်စုံနဲ့ဓာတ်ပုံကို ရိုက်ကာ လိုင်းပေါ်တင်လိုက်သည်မသိပါ။ “ခိုင်မြဲသထက်”ကင်ဆာဖြစ်နေကာ ဆေးကုသမှုခံယူနေပါသည်ဟုသတင်းတက်လာသည်။

"မမတစ်ကယ်ကြီးကင်ဆာလားဟင်😭"

"ညီမလေး ပိန်သွားတယ် သတင်းကအမှန်လား"

"ချစ် 😭"

စတဲ့ ဝမ်းနည်းခြင်းemojiတွေနှင့် စာတွေတန်းစီပို့လာကြသည်။ ပို့စ်တင်ပြီးပြောကြသူများလည်း ဒုနဲ့ဒေး။

"အဆင်ပြေရဲ့လား "

ခွန်းက ပို့စ်တွေကိုမြင်လာသည်ထင်။ ဆေးရုံကိုတန်းရောက်လာသည်။

အချစ်...ဦး/အခ်စ္...ဦးWhere stories live. Discover now