Part(2)

2.9K 100 1
                                    


✧Part(2)✧

"ကျွန်တော့်ကားကို ထက်ထက်စီးသွားတယ်လို့ ထင်ပါတယ် "

"ဟေ..."

"ဘယ်လို "

လူကြီးတွေရဲ့ အာမေဍိတ်သံက ပြိုင်တူထွက်လာသည်။ အဘွားနှစ်ယောက်က မျက်လုံးပြူးမျက်ဆံပြူးနဲ့ဖြစ်သွားကြသလို ထက်ထက်အမေဖြစ်သူ ဒေါ်သဇင်ထက်ကရင်ဘတ်ကို လက်နဲ့အသာဖိကာ အံ့ဩနေကြ၏။

"ဘယ်လိုဖြစ်တာလဲ "

"ထက်ထက်က အခန်းထဲမှာရှိနေတာလေ..."

"သခင်မကြီး...သခင်မကြီး မမလေး...မရှိတော့ဘူး "

တိုက်တိုက်ဆိုင်ဆိုင် အခုမှ ‌အပြေးအလွှားရောက်လာပြီး ထက်ထက်မရှိကြောင်း သတင်းပို့သည့်ထွေးထွေးကြောင့် လူကြီးတွေရဲ့မျက်နှာမှာ စိတ်ရှုပ်မှုတွေအထင်းသား။

"အရင်ဆုံး ထက်ထက်ကို လူလွှတ်ပြီး ရှာခိုင်းလိုက်ပါ "

"ဟုတ်ကဲ့ပါ သခင်မကြီး "

"အန်ကယ့်ကားကို မယူဘဲ သီရဲ့ကားကိုယူသွားပါကိုကို "

"ရတယ် ဒယ်ဒီ့ကားကိုပဲယူမယ်...သီသီက အပြန်ကျရင်သာ ‌ဒယ်ဒီတို့ကို ပြန်ပို့ပေးပါ "

"ဟုတ်တယ် သမီး အဲ့လိုပဲလုပ်လိုက်ပါ "

သူများကားဆို စီးဖို့ဝန်လေးသည့် သားဖြစ်သူအကြောင်းကို သိသဖြင့် ဦးတည်မြဲခန့်က ကြိုပိတ်ကာ ကားသော့ကို ထုတ်ပေးသည်။

"ဟုတ်ကဲ့ပါ အန်ကယ် "

သီသီလည်း ဆက်မပြောဘဲ လက်ခံလိုက်သည်။

"ဒါဆို သီအပြင်လိုက်ပို့ပါမယ် "

"ညီမလေးက စားနှင့်ပါ မမလိုက်ပို့လိုက်မယ်"

ဒေါ်သဇင်ထက်က တားလိုက်သဖြင့် သီသီထရာမှ ပြန်ထိုင်လိုက်၏။ အမေဖြစ်သူကိုကြည့်လိုက်တော့ ဘာမှဝင်မပြောသဖြင့် ငြိမ်နေလိုက်တော့၏။

✿✿~✿✿~✿✿~✿✿~✿✿~✿✿~✿✿~✿✿

"သမီးအစား အစ်မက တောင်းပန်ပါတယ်..."

"မဟုတ်တာ ထက်ထက်က ကားသေချာမမောင်းတတ်သေးဘဲနဲ့ မောင်းသွားတာကိုပဲ စိတ်ပူရမှာပါ အစ်မသဇင် "

အချစ်...ဦး/အခ်စ္...ဦးWhere stories live. Discover now