Part(15)

2.5K 86 1
                                    

✧ အချစ်...ဦး ✧

✧Part(15)✧

"ဆောရီး...ပြောတာလွန်သွားတယ် "

သီသီ့မျက်ဝန်းတွေကမှန်းရခက်စွာ ပြောင်းလဲသွား၏။ ထက်ထက်ကို အကောင်းနဲ့ပြောနေတာလား၊ အဆိုးနဲ့ပြောနေတာလားဆိုတာ ဝေခွဲမရ။

"ထား!..."

"မဟုတ်ဘူး ဆက်ပြောပါ သီသီ..."

"ကိုခွန်းအချစ်ဦးကို ပြန်တွေ့နေတယ် "

ထက်ထက်မျက်ဝန်းတွေ‌လက်သွားတာကို မြင်သည်နှင့် သီသီက ဆက်ပြောသည်။

"ပြန်တွေ့တာ မကြာသေးဘူးထင်တယ်...ထက်ထက် ကိုခွန်းကိုသေချာဂရုစိုက်သင့်တယ် "

ထက်ထက်ပြန်မပြောဘဲ ခွန်းကိုလှည့်ကြည့်သည်။ စက္ကန့်အနည်းငယ်ထိကြည့်နေပြီးမှပြန်လှည့်လာကာ...

"ခွန်းက ထက်ထက်ဆီက မထွက်သွားဘူးလို့ကတိပေးထားတယ် သီသီ...ပြီးတော့ ခွန်းကိုထက်ထက်ယုံတယ် နာကျင်ခံစားရတဲ့အချစ်မျိုး ခွန်းနဲ့ထပ်ပြီးမကြုံစေရဘူး "

သီသီမျက်နှာပျက်၏။ သို့သော် ချက်ချင်းပင် ပြင်ကာ ထက်ထက်လက်ကိုဆုပ်ကိုင်လာသည်။

"သီသီကစိတ်ပူလို့ပါ...ကိုခွန်းက သူ့ချစ်သူကို အရမ်းချစ်ခဲ့ဖူးတော့ လွန်ကျွံတာတွေမဖြစ်အောင် ‌ကြိုတင်သတိပေးတာ"

ထက်ထက်စိတ်မပူဖို့ပြောကာ သီသီထပ်တိုက်သမျှဝိုင်တိုင်းကို သောက်၏။

တစ်ကယ်ဆို ထက်ထက်လည်းခံစားချက်ရှိတဲ့လူသားပဲလေ။ ခံစားတတ်သည်။ ဒါပေမဲ့ ထက်ထက်အတွက် အနှောင့်အယှက်ဖြစ်စေသည့်ခံစားမှုမျိုးကိုတော့ ဦးနှောက်က ဥပေက္ခာပြုထားတတ်၏။

သို့သော် နှလုံးသားကတော့ ဥပေက္ခာမပြုနိုင်ဘူးထင်ပါရဲ့။ ပြန်ပေါ်လာတဲ့အချစ်ဦးက ခွန်းဘဝကို အချိန်အကြာကြီးနေရာယူခဲ့တဲ့သူမဟုတ်လား။

"ထက်ထက် ကိုယ်ခဏလေးအနားခွါတဲ့အချိန်မှာ ဘာလို့ဒီလောက်မူးအောင်သောက်နေရတာလဲ "

"ထက်ထက်မမူးပါဘူး "

အာလေးလျှာလေးနဲ့စကား‌ဆိုလာသည့်သူမက မမူးဘူးတဲ့။ ပုံစံက မတ်တပ်တောင်ကောင်းကောင်းရပ်နိုင်ရဲ့လားဆိုတာတောင် မသေချာ။ သို့သော်အသိစိတ်လွှတ်သည်အထိတော့မဟုတ်သေး။

အချစ်...ဦး/အခ်စ္...ဦးWhere stories live. Discover now