Part(12)

2.1K 74 0
                                    

✧ အချစ်...ဦး ✧

✧Part(12)✧

"ဟေ့ကောင်...ထ..."

"အင်း ဟင်း..."

ခွန်းထုရိုက်နိုး‌တော့မှ တအင်းအင်းနဲ့မျင်လုံးပွင့်လာသည့်လင်းရိပ်။

"ဘယ်အချိန်ရှိပြီလဲ..."

"မနက်(၆)နာရီ..."

"ထက်ထက်မနိုးသေးဘူးမလား ဆက်အိပ်ဦးမယ်...ဆေးလည်းကျန်သေးတယ် "

လင်းရိပ်ကို (၄)နာရီကတည်းက ဖုန်းဆက်ခေါ်ခဲ့တာ။ ဒီရောက်တော့ အိပ်ပျော်နေသည့်ထက်ထက်ကို အားဆေးသွင်းပေးရသည်။ တော်သေးသည် ဟိုတယ်က သူနဲ့ရင်းနှီးသည့်ဟိုတယ်ဖြစ်နေလို့။ လင်းရိပ်ဝင်ခွင့်ရခဲ့တာ။

ထို့ကြောင့် သူဘာမှမပြောတော့ဘဲ အိပ်ခွင့်ပေးလိုက်သည်။ လင်းရိပ်လည်း အိပ်ရေးပျက်နေမှာပဲ။

သူကတော့ ထပ်ပြီးအိပ်မရတော့ပါ။

အပြစ်ကင်းစွာအိပ်မောကျနေသည့်ထက်ထက်ဘေးမှာ သူဝင်ထိုင်ကာ ထက်ထက်မျက်နှာပေါ်မှ ဆံပင်အချို့ကို နားနောက်ညှပ်တင်ပေးသည်။

ဒီကလေးက အစ်မသဇင်မရှိတော့ကတည်းက ကျန်းမာရေးသိသိသာသာဆိုးရွားလာတာ။ အခု ဆေးသွင်းရတဲ့အထိ။

လင်းရိပ်ပြောတာကတော့ သွေးအားနည်းလို့ပါတဲ့။ ဒါပေမဲ့ သူစိတ်ပူနေတုန်းပဲ။

ထက်ထက်ကို စောင်သေချာခြုံပေးကာ အပြင်ပြန်ထွက်ခဲ့၏။ ဆေးခတ်လိုက်သည့်တရားခံကို စစ်ဆေးမေးမြန်းရဦးမည်။

ဂျူးဂျူးဘာအကြံနဲ့ဆေးခတ်ရဲတာလဲ??

✿✿~✿✿~✿✿~✿✿~✿✿~✿✿~✿✿~✿✿

မနေ့က ထက်ထက် မနက်(၃)နာရီကျော်မှ အိပ်ခဲ့ရသဖြင့် နေ့လည်ပိုင်းမှ နိုးလာသည်။ နိုးလာတော့ လက်မှာ ဆေးပိုက်တန်းလန်းနဲ့။

"ညီမလေးထက်ထက်သတိရလာပြီလား..."

ထက်ထက်ပြန်မဖြေဘဲ အေးစက်စက်သာလှမ်းကြည့်ပြီး...

"ခွန်းရော..."

"ကိုယ်ရှိတယ် "

ကိုလင်းရိပ်ဘာမှမဖြေရသေးခင်မှာ ခွန်းရောက်လာသည်။ ခွန်းပုံစံကြည့်ရတာ နှစ်နာရီလောက်ပဲအိပ်ရသေးသည့်ပုံစံပင်။

အချစ်...ဦး/အခ်စ္...ဦးWhere stories live. Discover now