Part(20)

2.6K 85 3
                                    

✧ အချစ်...ဦး ✧

✧Part(20)✧

"ဟူး!..."

ထက်ထက်နဲ့မတွေ့ရတဲ့ရက်ဘယ်လောက်တောင်ရှိပြီလဲ။

လျှံ ကန်ဘောင်မှာ တစ်ယောက်တည်းသက်ပြင်းတွေသာချနေမိသည်။ ပိုင်ရှင်ရှိသည့်မိန်းကလေးကို မမျှော်လင့်သင့်ဘူးဆိုတာသိသည်။ သို့သော် စိတ်ကဘယ်လိုမှဖြတ်လို့မရ။သူငယ်ချင်းဖြစ်တော့ပိုဆိုးသည်။

"မတွေ့တာကြာပြီနော် ကိုယ်တော်လေး!..."

ပုခုံးကိုဆက်ခနဲပုတ်လာသည့် တစ်ယောက်ကြောင့် လှည့်ကြည့်တော့ ဖိနပ်ဆိုင်က အရောင်းဝန်ထမ်းဖြစ်နေသည်။

"ခင်ဗျား!..."

"အဲ မှတ်မိသားပဲ ကျွန်မက မသိဘူးလို့ငြင်းမယ်ထင်နေတာ "

ပုံမှန်ဆို သူကတစ်ခါတွေ့ယုံနဲ့မမှတ်မိ။ သို့သော် ထိုနေ့က သူ့ကိုဝေဖန်နေတဲ့သူမကိုတော့ မှတ်မိနေသည်။ အဝတ်က ဝန်ထမ်းဝတ်စုံမဟုတ်ဘဲ ပုံမှန်အဝတ်အစားဖြစ်နေတာကိုလေ။

"‌ယဉ်ယဉ်လေးရူးနေတဲ့သူကို မမှတ်မိစရာလား"

"ဘာ!.."

သူခပ်တိုးတိုးပြောတော့ ဘာခနဲအော်ကာ ဘေးနားကိုလာထိုင်သည်။

"ဘာမဟုတ်ဘူး "

"ရှင်နဲ့သူ လာနေကျနေရာလား "

"ခင်ဗျားအရမ်းမစပ်စုနဲ့ "

"အင်း! ဒါမဲ့သိချင်လို့ "

"ကျွန်တော်က စကားကိုသာလိကာလိုပြောတတ်တဲ့မိန်းကလေးကို စိတ်မဝင်စားဘူး! ခြေလှမ်းမစခင် ‌ရပ်လိုက် "

"ကျွန်မနာမည်က ခရမ်းရောင်"

မေးတာတခြား ဖြေတာတခြား။

"ခင်ဗျားကိုဘယ်သူကမေးလို့လဲ..."

"အသက်က(၂၂)ပြည့်ပြီးပြီ "

သူ့ထက် (၂)နှစ်ကြီးတာပေါ့။ သို့သော် ‌အပြင်ပန်းမှာတော့ မကြားသလိုနေသည်။

"ရှင်ထင်သလိုပဲ! ကျွန်မကို ပထမဆုံးမြင်ကြတဲ့အမြင်က အဲ့လိုပဲ မသိတဲ့သူကိုတောင် စကားပြောတယ်လေ "

သူမက ထိုသို့‌ပြောလာတော့ စိတ်မကောင်းမိ။ ပြုံးရယ်ပြီးပြောနေတဲ့မျက်ဝန်းအောက်မှာ ဝမ်းနည်းမှုရှိတာ သိသည်။

အချစ်...ဦး/အခ်စ္...ဦးWhere stories live. Discover now