Part 10 ending zawgyi

555 2 0
                                    

အရာအားလုံးပြီးဆုံးသွားချိန်။

ထိုနှစ်သည် လွန်ခဲ့သော နှစ်ပေါင်း၂၀၀ ခန့်လောက်ကပင် လိုတရအိမ်တော်သို့သွားခဲ့သေး၏။

ထိုအိမ်တော်သည် အများအမြင်တွင် ခြောက်ကပ်၍ ကြောက်စရာကောင်းသော်လည်း သူမအတွက်တော့​ သွေးခုန်နှုန်းပင်တိုးမလာပါ။

မိစ္ဆာဓာတ်များစွာရှိသော ဤအိမ်အတွင်းတွင် လူသေနံ့များကြီးစိုးလျက်ရှိသည်။

ထိုအိမ်ထဲရှိပင်မ ဧည့်ခန်းမတွင် မိန်းမတစ်ဒူဦးထိုင်နေပြီး ထိုမိန်းမသည် ခမောက်ဆောင်းထားပြီး နှာခေါင်းမှနေ၍ ပုဝါအနီဖြင့်စည်းထား၏။

သူမထံမှ ရွံစရာအနံ့ကြောင့် ချက်ချင်းပင်အော့အန်ချင်သွားရ၏။

ထိုမိန်းမရှေ့တွင်စားပွဲတစ်လုံးရှိပြီး ထိုစားပွဲထက်တွင် မှော်နက်ပညာတွင်သုံးသည့်ပစ္စည်းများကိုတွေ့ရ၏။

"ထိုင်လေ "

လေးဖျင့်အက်ရှသောအသံကြီးသည် တိုးညှင်းစွာထွက်ပေါ်လာပြီးနောက် သူမ စားပွဲရှေ့ရှိထိုင်ခုံတွင် ထိုင်လိုက်၏။

"ကဲ ဘာလိုအပ်သလဲ "
"ယွီဝင်ရုံကိုပြန်လည်မွေးဖွားအောင်လုပ်ပေး"
"အာ...အဲ့တာလွယ်တယ်ထင်သလား "
"အလကားလုပ်ပေးရတာမှမဟုတ်ပဲ ရအောင်လုပ်ပေးရမှာပေါ့"

"မင်းကသူနဲ့ရေစက်ပြန်ဆက်မလို့လား အတိတ်ဘဝက သူကိုယ်တိုင်မင်းနဲ့ရေစက်ဖြတ်ခဲ့တာနော် မှတ်မိရဲ့လား"

"အဲ့တာကျွန်မ ကိစ္စလေ ရှင်လုပ်ရမှာက သူ့ကိုလူပြန်ဝင်စားအောင်လုပ်ပေး "

"အဖိုးအခ အနေနဲ့ ဈေးကြီးလိမ့်မယ် ဖြစ်ပါ့မလား"

"ဘာပဲဖြစ်ဖြစ် သူအသက်ပြန်ရှင်လာမယ်ဆိုရင်ရပြီ"

"ငါလဲအဲ့လိုစိတ်ဓာတ်ကိုကြိုက်တယ် နင့်ရဲ့အသက်တစ်ဝက်ပေးရမယ် "
"တစ်ဝက်တောင်လား "
"ဘာလဲ မလုပ်ရဲဘူးလား "
"မလုပ်ရဲစရာလား "
"နင့်မှာ သက်တမ်းသိပ်မကျန်ဘူး မိစ္ဆာဘဝကနေ လူဘဝပြောင်းထားတော့ နင့်အမြုတေက အားနည်းနေတယ် သက်တမ်း၄၀၀ ပဲကျန်တော့တယ် နင်လုပ်မှာသေချာလား "

ဓားသှားထကျကဖူးစာWhere stories live. Discover now