Part 7

317 20 0
                                    

ယနေ့သည် မည်သည့် လ ခုနှစ် ဖြစ်သည်ကိုသူမ မသိပါ။ နူးညံ့သော ဘဲမွှေးမွေ့ယာပေါ်တွင် သူမအိပ်နေသည်ဟု သိရပါသည်။ အိပ်ရာခင်းများသည် သူမ အချိန်အတန်ကြာအောင်အိပ်ထားသည်ဟု သက်သေထူနေလောက်အောင် တွန့်ကျေနေကြသည်။

အခန်းသည် အတော်အတန်မှောင်နေ၏။ အပြင်တွင်နေ့ခင်းဖြစ်ဟန်တူသော်လည်း အခန်းထဲတွင်မူ အောက်လင်းဓာတ်မီး အနည်းငယ် ထွန်းထားသည်။

ဤနေရာသို့ မရောက်ခင်အချိန်ကို ပြန်ပြောင်းစဥ်းစားကြည့်ပါက သူမသည် ဖုန်းထင်းရီနှင့်တွေ့ခဲ့သည်။ ထို့နောက် မေ့မျောသွားခဲ့သည်လား။

တံခါးဖွင့်သံနှင့်အတူ ရင်စေ့ တရုတ်အမျိုးသား အင်္ကျီရှည်ကို ဝတ်ဆင်ထားသော သူတစ်ဦးကိုတွေ့ရသည်။

သူမဘက်သို့ သူတဖြည်းဖြည်းလျှောက်လာခဲ့ပြီးနောက် သူမ မျက်နှာအနီးသို့ ကိုယ်ကို ကိုင်းလိုက်၏။

"နိုးလာပြီလား ကိုယ့်အချစ်လေး "

သူ၏ မျက်ဝန်းနက်များကိုမျက်မှန်များမှ ဖြတ်၍တွေ့ရသည်။ သူ့မျက်နှာတွင်သူမအား ကြည်သာ ချစ်ခင်သော အပြုအမူမျိုးမပါ။ သို့သော် မုန်းတီးဟန်လည်းမရှိ။

"ထင်းရီ ငါဘယ်ကိုရောက်နေတာလဲ"
"ဖုန်းအိမ်တော်..."
"ဟမ် ..."

သူမ တစ်ခန ကြောင်သွားရသည်။ သူအဘယ်ကြောင့်များ ဤမျှရဲတင်းရပါသနည်း။

"ငါဒီကိုရောက်နေတာ ဘယ်လောက်ကြာပြီလဲ"
"၄ရက်ရှိပြီ မင်းက သတိရလာချင်နေပေမယ့် ကိုယ်က မေ့ဆေးထက်ထိုးထားတာ မင်း သတိမရအောင်လို့ "
"ဘာလို့လဲ "
"အဟက် ဘာလို့လဲဟုတ်လား မင်းက သတိရလာတာနဲ့ ဟိုမကောင်းတဲ့အကောင်ဆီသွားမှာလေ ကိုယ်တားခွင့်က်ုရှိတော့မှာမဟုတ်ဘူး"

"အဲ့လိုဆိုတိုင်းမဟုတ်သေးဘူးလေ နင်နဲ့ငါက ပတ်သတ်မှုပြီးဆုံးသွားပြီလေ "
"ကိုယ်က အဲ့တာတွေကို ဂရုစိုက်တယ်လို့ မင်းထင်လို့လား ကိုယ်သိတယ် မင်းကိုယ့်ကိုချစ်နေသေးတယ် "
"ဟင့်အင်း ဖုန်းထင်းရီ ငါနင့်ကို မချစ်ဘူး...."
"မပြောနဲ့ "

သူသည် သူမ၏ နှုတ်ခမ်းများကို မွတ်သိပ်ကြမ်းတမ်းစွာ နမ်းရှိုက်ပစ်လိုက်သည်။
သူမ ရုန်းကန်ခြင်းမပြုခဲ့ပေမယ့် သူမ၏ လက်များသည် သူ၏ ရင်ဘတ်ကို ရှိသမျှအားအကုန်ဖြင့် တွန်းဖယ်ပစ်နေသည်။

ဓားသွားထက်ကဖူးစာМесто, где живут истории. Откройте их для себя