Part 6 Zawgyi

35 2 0
                                    

သူမနှင့်သူသည် အနေနီးနေပါလျက်နှင့် ဝေးနေသလို ခံစားရလေ၏။
သူနှင့်အတူဆုံရသည့်အခါမျိုးတွင်သူသည် တစ်စုံတစ်ရာကို တွေးတောလျက် သူမအား အမှုမထားဘဲရှိ၏။

ထိုအရာသည် သူမတို့၏ ဝိန်ရှန့်မင်းသမီး ၁နှစ်ပြည့်သောအချိန်တွင်ဖြစ်လိမ့်မည်။
သူသည် နိုင်ငံရေး အကြောင်းများကြောင့် ချီနိုင်ငံသို့အမြဲတစေ သွားလေ့ရှိသည်။

ထိုကိစ္စအား သူမမေးလျှင်သော်လည်းကောင်း သူ့ဘာသာသူသော်လည်းကောင်း စိတ်လိုလက်ရပြောပြလေ့မရှိပါ။

သူသည် အမြဲ အခြားတစ်ယောက်ကဲ့သို့ပြောင်းလဲလျက်ရှိသည်။

ဥပမာ သူမ၏ သမီး နေမကောင်းဖြစ်သည့်အချိန်များတွင် သမီးကိုစိတ်ပူသည်ထက် သူမအား အပြစ်တင်ကြိမ်းမောင်းလျက်ရှိ၏။

ထိုကိစ္စက သူမအပြစ်မို့ ဘာမှ မဖြေရှင်းသော်လည်း ဟင်းပွဲများ ဆားပေါ့လျှင်သော် လည်းကောင်း ငံလျှင်သော်လည်းကောင် သူမ အပေါ်သာ အပြစ်ဖို့လျက်ရှိသည်။

"မင်းဟာ တကယ်အသုံးမကျဘူးပဲ"

ထိုသို့ သူအပြုအမူပြောင်းလဲလာရခြင်း၏ အကြောင်းအရင်းကို နောက်နှစ်ဝက်မှ သူမ သိလိုက်ရ၏။

သူသည် အမျိုးသမီးငယ်တစ်ဦးအား နန်းတော်သို့ခေါ်လာ၏။သာမာန် အမျိုးသမီးဆိုပါက သူမ မအံ့သြသော်လည်း ထိုအမျိုးသမီးသည် ချီနိုင်ငံ၏ မင်းသား လန်လင့်ဝမ်း၏ ကြင်ယာတော်ဖြစ်၏။

"ကောင်းချန်းကုန်း (လန်လင့်ဝမ်း) ကအဆပ်သောက်ပြီးသေသွားတယ်လို့ကြားတယ် သူ့မိန်းမပဲကျန်တာဆိုတော့ မင်းကြီးကခေါ်လာတာထင်တယ်"

အားချွေ့ပြောပြချက်ကြောင့်သာ သူမ သိရ၏။ သူသည် ဤ ကိစ္စနှင့်ပတ်သတ်၍ သူမအား ဘာမျှ မပြောပြပါ။

ဝိန်ရှန့်မင်းသမီး နေမကောင်းဖြစ်သည့်အခါလည်း သူရောက်မလာခဲ့ပါ။

"ချွေ့အာ မင်းကြီး ဘယ်မှာလဲ "
"မိဖုရားခေါင်ကို လျှောက်တင်ပါတယ် မင်းကြီးက မိဖုရား ရန် ရဲ့နန်းဆောင်မှာပါ"
"ဘာ.....!!!!!"

ရံရွေတော်များ ဇာတ်ပုသွား၏။
မင်းကြီးသည် နေ့နေ့ညည ထိုမိန်းမ၏ ဘေးတွင်ရှိရုံသာမက ထိုမိန်းမအား ကွေ့ဖေး (အဆင့်၃မိဖုရား)ဘွဲ့ကိုဘိသိတ်ခံ၍ ချီးမြှင့်လိုက်သေး၏။

ဓားသှားထကျကဖူးစာWhere stories live. Discover now