Part 3 Zawgyi

44 1 0
                                    

ဤယနေ့သည်ဘဝကြီးအားပြောင်းပြန်လှန်ပစ်နိုင်သည့် နေ့တစ်နေ့ဖြစ်လေ၏။ပျော်ရွှင်စရာကောင်းသော ဤ ယနေ့တွင် မည်သည့်စိတ်အနှောင့်အယှက်မှ မကြုံစေရန် ဆုတောင်းရပါသည်။

နတ်ရေကန်၏ အနောက်ဘက်သို့သူမလှည့်လည်ကြည့်ရှုသောအခါ ခိုးဝင်ထားသော ခြေရာလက်ရာများကိုတွေ့ရှိလိုက်ရ၏။

ထို့ကြောင့်အနီးပတ်ဝန်းကျင်ကိုအကဲခတ်လိုက်သောအခါ ဇီးပန်းပင်အောက်တွင် အိပ်စက်နေသော သူတစ်ဦးကိုတွေ့ရ၏။

သူသည် ယောက်ျားတစ်ဦးဖြစ်ပြီး အလွန်တရာ ခန့်ညား၏။
နက်နဲသောမျက်ခုံးများ၊ ကော့စင်းသော မျက်တောင်များ၊ ထို့အပြင် ဖူးသစ်နေသောနှုတ်ခမ်းများ။

ပို၍ ဆွဲဆောင်မှုရှိသောအရာမှာ သူအိပ်နေသော သဏ္ဍာန်ဖြစ်၏။အလွန်တရာပင် ဆွဲဆောင်မှုရှိလှသဖြင့် သူမစိတ်လိုလက်ရ ထိုင်ကြည့်မိ၏။

သူအိပ်မက်မက်နေလိမ့်မည်ထင်သည်။ မျက်လုံးများရွေ့လျားကာ တစ်စုံတစ်ရာကိုပြောဆိုနေဟန်ရှိပါသည်။

သူဘာပြောနေမှန်းသူမ မသိရပါ။လေတစ်ချက်ဝေ့သွားတိုင်း သူ၏ အင်္ကျီလက်ဖျားကလေးများ လွင့်မျောနေ၏။

"မဟုတ်ဘူး ကျွန်တော်ကို သတ်လို့မရဘူး အား....ကယ်ကြပါ"

သူသည်ရုတ်တရက်လန့်နိုးလာပြီးသူမကိုကြောင်ငေးကြည့်နေ၏။သူမက သူ့အားတစ်စုံတစ်ရာမေးရန်ဟန်ပြင်လိုက်စဉ်ပင် သူက သူမအားတင်းကြပ်စွာဖက်ထားပါသည်။

"ကိုယ့်ကိုမသတ်ပါနဲ့ ကိုယ့်ကိုကယ်ပါ "

သူ၏ နှလုံးခုန်သံလား၊ သို့တည်းမဟုတ် သူမ၏ နှလုံးခုန်သံလား၊ နှစ်ယောက်စလုံး၏ နှလုံးခုန်သံလား သေချာမသိရသော်လည်း ထိုရင်ခုန်သံသည် ကျယ်လောင်နေ၏။

အသက် ၄၀၀၀ ကျော်ရှိသော်ငြား ယခုထိ သူမ ဘယ်ယောက်ျားလေးနှင့်မှ နီးနီးကပ်ကပ်မနေခဲ့ရဖူးပါ။

သူ့လက်များက သူမ၏ ကျောကို ဖက်တွယ်ထား၏။

"ရှင်လွှတ်လေ ...ဘာလုပ်တာလဲ"

"ကိုယ့်ကိုကယ်ပါ"
"ရှင်ကဘယ်သူလဲ ကျွန်မက ဘာလို့ ရှင့်ကိုကယ်ရမှာလဲ "

ဓားသှားထကျကဖူးစာWhere stories live. Discover now