Part 4

303 18 0
                                    

နူးညံ့သောလေပြေနုကလေးသည် မေဘယ်ပင်ကြီး၏ အရွက်ဝါများကို တဖြည်းဖြည်း​ခြွေချနေ၏။

ရာသီဥတုသည် သူမနှင့်မတည့်သော ဆောင်းရာသီသို့ကူးပြောင်းလေပြီ။ လေများနှင့်အတူ အေးစက်သောနှင်းရည်များပါလာသည်ဟုထင်ရလောက်အောင်ပင် ထိုလေသည် အေးစက်လွန်းလှသည်။

ဆောင်းဦးရောက်ခဲ့ပြီပဲ။ဆောင်းရာသီကိုနှစ်သက်သော်လည်း အအေးဒဏ်ကိုမခံနိုင်ပါ။

ဤယနေ့ဆိုလျှင် သူပေးထားသည့် တပတ်ဆိုသည့်အချိန်ကုန်ဆုံးရန် ၃ရက်သာလိုတော့သည်။ ယခုထိ အ​ဖြေသဲသဲကွဲကွဲမစဥ်းစားရသေးပေ။

မည်သူကမှ အကြံမပေးသလို တားမြစ်ခြင်းလည်းမပြုကြပါ။ ခေါင်းဆောင်ဖြစ် ရသည်မှာ သိပ်ခက်၏ ။

တစ်စုံတစ်ခုမှားယွင်းသွားရင် အရှင်သခင်ကို ဘယ်လိုမျက်နှာပြရမလဲ။

သူ့ကိုလိုက်လျောလိုက်ချင်မိနေ၏။ သို့သော် မှော်ရုံတောတစ်ခုလုံးကို ကာကွယ်ရအုန်းမည်။

"ဟာ....ဒီလူဟာ တစ်ကယ်ကိုစိတ်ဒုက္ခပေးတဲ့သူပဲ"

နောက်ထပ်လေတစ်ချက်ဝေ့သွားပြန်သည်။သူမ၏ ဆံနွယ်များကို ထိတွေ့ဆော့ကစားကာ အမြန်ပြေးထွက်သွားသော လေနုနုကလေးကို တိုးတိုးကလေး ကျိန်ဆဲလိုက်၏။

တစ်ပတ်ပြည့်သည့် ထိုနေ့တွင် သူမသည် သေချာစွာစဥ်းစားပြီးသော အဖြေကိုသူ့ကိုပြောလိုက်ပါသည်။

"ကျွန်မ ရှင့်ကို မှော်ရုံတောမှာ စခန်းချခွင့်ပြုတယ်"

သူ့မျက်လုံးများအရောင်လက်လာသော်လည်း ပြုံး၍ မလာပါ။

"ဒါပေမယ့်ရှင်တစ်ခုပြန်ပေးရမယ်"
"အင်း ဘယ်အရာမှ အလကားမရတာသိပြီးသားပါ ပြော ကိုယ်ဘာပြန်ပေးရမလဲ"

"ကျွန်မရဲ့မျိုးနွယ်စု ဒီတောထဲက အရာအားလုံ ဘာမှထိခိုက်မှု မရှိစေချင်ဘူး အဲ့တစ်ခု ကတိပေးပါ"

သူ မစဥ်းစား ပဲ ချက်ချင်းပြန်ပြော၏။

"ဒါကိုတော့စိတ်ချပါ ကိုယ်မင်းကို မထိခိုက်စေရဘူး အဲ့ဒီအပြင် မင်းရဲ့မျိုးနွယ်တွေရောပဲ"

ဓားသွားထက်ကဖူးစာWhere stories live. Discover now