Part 2

1K 25 1
                                    

ဤ အချိန်သည် ကျိုးမင်းဆက်၏ ခုနှစ်သက္ကရာဇ်တစ်ခုခုဖြစ်ပေလိမ့်မည်။အရှင်မင်းမြတ်သည် မကြာသေးခင်ကမှနန်းသိမ်းပွဲခံယူထားသည်ဖြစ်ပြီး အမတ်ကြီးယွီဝင်ဟု ထံမှ တော်ဝင်အာဏာကိုအပြည့်အဝယူရန်ကြိုးပမ်းနေခိုက်လည်းဖြစ်၏။

ယွီဝင်ယုသည် ဤကျိုးမင်းဆက်၏ အဘယ်ယောက်​မြောက်မင်းဆက်လဲ သူမမသိပါ။

သူမ၏ အလုပ်မှာ ထိုရှုပ်ထွေးပွေလီလှသော နန်းတွင်းအရေးများစိတ်ဝင်စားဖို့မဟုတ်ဘဲ ဤ 'မှော်ရုံတော'အား စောင့်ရှောက်ရန်သာဖြစ်သည်။

သူမသည် ဤ မှော်ရုံတော၏ အရှင်သခင်ဖြစ်ပြီး မိစ္ဆာအဆင့်မြင့်မားသူလည်းဖြစ်၏။

"ဟေ့ ငါ့အပေါ်ကနေ ဆင်းအုံးမလားဟ "

ရှင်းဟွာ၏ မကျေမနပ်သံပေါ်လာပြီးနောက် သူမ တစ်ခစ်ခစ်မြည်အောင်ရယ်လိုက်ပြီး သူမ၏ ကျောကိုပွတ်သပ်လိုက်၏။

အမွေးနုနုကလေးများသည် အမှန်တကယ်ပင်ချစ်ဖို့ကောင်းသည်။ အဖြူရောင်အမွှေး အမျှင်များပေါ်တွင် အနက်ရောင် အစင်းများဖြင့်ခြယ်သထားသည်မှာ လှပလွန်းသည်ထက်ပို၏။

"ဟဲ့ တောင်သခင်မ မှော်ရုံတောရဲ့အကြီးအကဲဖြစ်ပြီး သူများကိုအနိုင်ကျင့်နေရလားဟ"

ပွစိပွစိဖြင့် ပြောလာသော အစ်မမေရှန်း၏ စကားကြောင့် သူမ တစ်ချက်ပြုံးလိုက်ပြီး ရှင်းဟွာ၏ ကျောပေါ်မှဆင်းလိုက်၏။

ထိုအခါ ရှင်းဟွာသည် လူအများကြောက်လန့်စေနိုင်သော ကျားဖြူ၏ အသွင်မှ လှပနုပျိုသော မိန်းမငယ်တစ်ယောက်အသွင်ဆောင်လိုက်၏။

"အစ်မပဲပြောတော့ ကြည့်ပါလား သခင်မက ကျွန်မကို ၃နာရီတိတိ စီးနေတာ ကျောတွေနာလှပြီ"

သူမ မျက်စောင်း နက်နက်နဲနဲထိုးလိုက်သောအခါ ရှင်းဟွာ သည် မေဘယ်အပင်၏ အကိုင်းပေါ်တွင်ထိုင်နေသော ချိုင်ယွဲ့၏ အနောက်သို့ ခုန်ကူးကာ ပုန်းလေသည်။

"ခွေးမလေး နင်မိရင်မလွယ်ဘူးမှတ် "
"ခွေးမလေးမဟုတ်ပါဘူး ကျားမလေးပါ ခွေးက ညီမ တစ်လုပ်စာတောင်မရှိဘူး ဟွန့် "

ဓားသွားထက်ကဖူးစာWhere stories live. Discover now